အပိုင်း၆(uni/zaw)

30 3 0
                                    

နောက်တစ်နေ့နံနက် ကျေးငှက်လေးတွေသီကျူး ဥဩငှက်ကလေးတွေအော်နေတဲ့ သာယာတဲ့မနက်ခင်းလေးမှာ အိပ်ယာနိူးထခဲ့တယ် ၊ တောရွာလေးမဟုတ်ပေမယ့် မြို့သေးသေးလေးဖြစ်တဲ့ နူးယံတို့မြို့လေးဟာ မနက်ဆို ဥဩငှက်ကလေးအော်လို့ တကယ့်ကို ကြည်နူးစရာအသံလေးပါပဲ ။

တစ်နေ့တာအလုပ်တွေပြီးလို့ အပျင်းပြေFaceboook လေးသုံးမယ် စာတိုစာစုကလေးများ ဖတ်မယ် သီချင်း‌နားထောင်မယ် ။

Viberကစာဝင်လာတယ် တင်!!!!

"Hi ညီမလေးရေ အကိုဒီညပင်လုံပြန်တော့မယ် အဘွားနဲ့အသုဘလဲပြီးပြီဆိုတော့ အကိုလဲပြန်ပြီ"

"ဟုတ်ကဲ့အကို ဂရုစိုက်ပြန်ပါ ဆုံဖို့ကံပါရင်ပြန်တွေ့ကြမှာပါ"

"ဟုတ်တာပေါ့ညီမလေးရယ်"

--------------------------

"ကိုကို ကျန်းမာရေးဂရုစိုက်နော် ရောဂါအတွက်လဲကုသဖို့လုပ်နေတာအဆင်ပြေပါ‌ေစကိုကို"

"ကိုယ့်ကလေးလေးဆီ အရောက်ပြန်လာမှာပါ စိတ်ချနော် ၊ ခုတလောကိုကိုလိုင်းသုံးလို့မဖြစ်သေးဘူး မျက်စိအနားပေးချင်တယ် ပင်ပန်းနေလို့"

"ဟုတ်ကဲ့ကိုကို စောင့်နေမယ်နော်"

"စောင့်နေပါ ကိုကိုမင်းလေးကိုပစ်မထားပါဘူးကွာ"

"ဟုတ် ယုံပါတယ်"

ဒီလိုနဲ့ ကိုကိုနဲ့စကားမပြောဖြစ်တော့တာ ရက် လ နှစ်တွေအထိဖြစ်ခဲ့တယ် ၊ ဖုန်းဆက်တော့ စက်ပိတ်ထားတယ် ကိုကိုသူ့ကိုညာပြီးထားခဲ့ပြီ စကားလုံးလှလှလေးတွေနဲ့ ထားခဲ့ခံရတာပဲ ။

ဒီလိုနဲ့ ၂၀၁၇ခုနှစ် ချစ်သူများနေ့မှာ fb မှာPhotoတစ်ပုံတင်ခဲ့တယ် အဲ့တာကဟာ နူးယံတို့မြို့လေးရဲ့ဘုရားမှာပေါ့ ၊ နူးယံစကားသွားပြောဖို့လဲ မရဲခဲ့ပါ။

ကိုကိုက ချစ်တယ်ပြောတယ်
ကိုကိုက ပူတူးလေးကိုယ့်ကိုမထားခဲ့ပါနဲ့ပြောတယ်
ကိုကိုက နေခဲ့ဆိုတော့လဲနူးယံနေခဲ့ရတယ် ရက် လ နှစ် တိုင် ရင်ထဲမှာတော့ကိုကို့တစ်ယောက်ပါပဲ မတူညီနဲ့မျဉ်းပြိုင်နှစ်ခုက ဆုံဖို့ဖြစ်နိုင်ပါ့တော့မလား

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now