အပိုင်း၁၂(uni/zaw)

17 2 0
                                    

"သားနွန်း ဒယ်ဒီမေးမလို့"

"ဟုတ်ကဲ့မေးပါ ဒယ်ဒီ"

"သား Mallအတွက်မြေဝယ်ထားတာ လမ်းမတော်ဘက်မှာဆို"

"ဟုတ်တယ် ဒယ်ဒီ ဆောက်ဖို့အင်ဂျင်နီယာနဲ့တွေ့ပြီးပြီ"

"ဟုတ်ပါပြီ သားလိုအပ်တာရှိရင်ဒယ်ဒီ့ကိုပြောနော်"

"ဟုတ် ဒါနဲ့ပင်လုံကလက်ဖက်ခြံတွေရော"

"အဲ့ဘက်ကိုစိတ်မပူနဲ့သား"

ဒယ်ဒီ့သားကို ဒီလိုသန်မာတဲ့ပုံစံနဲ့မြင်တွေ့ရပါ့မလားစိတ်ပူနေခဲ့တာ လွန်ခဲ့တဲ့နှစ်တွေက ဆေးရုံနဲ့အိမ်ပြေးနေရတာ သားကိုလဲမကြည့်ရက်ခဲ့ဘူး အသားဖြူပါတယ်ဆို ရုပ်နဲ့မလိုက်အောင်ဖြူဖျော့နေခဲ့တာ သတိပြန်ရပြီးအခုလိုသန်မာလာတာပဲ ကျေးဇူးတင်ပါတယ် ။

သားလေးမာမီ သားအကြောင်းပြောပြတုန်းက တုန်လှုပ်ခဲ့တယ် သားကကောင်လေးတစ်ယောက်တဲ့ချစ်သူတွေဖြစ်နေတယ်ပြောတယ် ၊ သားအကြောင်းအသိဆုံးလေ သားကလိုတာရမှ တားမိရင်မရ ရအောင်ယူတတ်သေးသည်။ သားပျော်ရင်ပြီးရော လက်ခံပေးခဲ့ပါတယ် ။

ဒီနေ့ကျောင်းပိတ်ရက်မို့ နူးယံ၈နာရီမှအိပ်ယာထခဲ့တယ် ။ ဒီတစ်ပတ်အိမ်မပြန်ဖြစ်လိုက်ဖူး ။ ရေချိုးပြီး အပေါ်ပြန်တက်နေတုန်း

ဒီဘက်က ပဲပြုတ် ပဲပြုတ်ပူပူလေး!!!!

"အမရေ ပဲပြုတ်၃၀၀ဖိုးလောက်"

"ဟုတ်ကဲ့ ဆရာလေး"

ဒီနေ့ ပဲပြုတ်နဲ့ထမင်းဆီဆမ်းစားမယ် နေ့လည်စာက ကြက်သားဆီပြန်ချက် ၊ ငါးပိချက် တို့စရာ နဲ့စားလိုက်မယ် ။ ပန်းပင်လေးတွေရေလောင်းနေတုန်း
လေးသန်းမြ မောကြီးပန်းကြီးပြေးဝင်လာသည် ။

ဗျို့ ဆရာလေးရေ!!!

"ဒီမှာဗျ လေးသန်းမြ"

"ဆရာလေး ညနေအိမ်ဘက်လာလှည့်ချည် လေးသန်းမြရဲ့ တူမလေးမြို့ကပြန်လာတာ ရွှေပုစွန်က‌ဆိုလားမုန့်တွေဝယ်လာတယ် ဘာစားပါဦး"

"လေးသန်းမြတို့ပဲစားပါ"

"မရပါဘူး ဆရာလေးက သူစိမ်းမှမဟုတ်တာ အိမ်သားတွေလိုဖြစ်နေပြီ မလာရင်စိတ်ဆိုးမှာတော်"

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now