အပိုင်း၁၄(uni/zaw)

24 1 0
                                    

ညစာ ဟိုတယ်မှာပဲစားဖြစ်ကြသည် shoppingထွက်တာလဲခြေထောက်ညောင်းခဲ့တယ် ၊ မစားဖူးတဲ့အစားတွေလဲစား ဝယ်နဲ့ ကိုကိုပိုက်ဆံဘယ်လောက်ကုန်သွားလဲမသိချေ ။ ကုန်ပါစေ သူမသိအောင်ဒီခေါ်လာတာ ပညာပြတာပေါ့ ခ်ခ် ။

ခစ် ခစ် !!!

ခစ်ခစ်ဆိုသော အသံလေးလေးကြားလို့ လှည့်ကြည့်တော့ သူ့ပူတူးလေး ဘာတွေသဘောကျပြီး ရယ်နေတယ်မသိ

"ပူတူး ဘာလို့ရယ်နေတာလဲ"

"ဘာမှဟုတ်ပါဘူး...ခြေထောက်ညောင်းသွားတာပဲနော်"

"‌ေညာင်းနေပြီလား ခြေထောက်ဆင်းလိုက်ပူတူးလေး"

"ဟင်..အင်း.."

ခြေထောက်ညောင်းရောပေါ့ မမောနိုင်မပန်းနိုင် ဝယ်လိုက်စားလိုက်လုပ်နေတာပဲ

"ကိုကိုကအကြီးလေ မနှိပ်ပေးပါနဲ့ပူတူးငရဲကြီးလိမ့်မယ်"

"ဘာမှမဖြစ်ဘူး...ကိုကိုကြည်ဖြူလို့လုပ်ပေးတာ"

"ခဏပဲနှိပ်ပေးပါ"

"ပူတူးမနက်ဖြန်ဘယ်သွားမလဲ"

"တစ်ခါမှမရောက်ဖူးတော့ဘယ်သိမလဲ"

ဟုတ်သား သူမေးတာမှားသွားတယ် ဟိုတယ်ဝန်ထမ်းတွေကိုမေးပြီး သွားရမှာပဲ ဒီမှာ တစ်ပတ်လောက်နေမယ်စိတ်ကူးထားတာ ။

Duu!!Du!!

ဖုန်းသံကြားလို့ကြည့်တော့ မာမီဆက်တာ သူမွှေထားတာအတွက်သိချင်ရောပေါ့ အလုပ်တွေကိုလက်ထောက်ကိုလွှဲပြီး ဒီမှာသာယာနေတာ ပူတူးကို ခဏပြောပြီး အောက်ဆင်းလာလိုက်တယ်

"Hello မာမီ"

"သားဘယ်မှာလဲ အလုပ်တွေပစ်ပြီး ပြီးစလွယ်ထွက်သွားရလား!"

"အခြေအနေကြောင့်ပါ ပြန်လာမှာပါ"

"အေး.. သားဒယ်ဒီစိတ်ဆိုးနေတယ် ယူမယ်ဆိုတောင်းပေးမှာပေါ့ ခုတော့လုပ်ချင်ရာလုပ်သွားတယ်..."

"မဟုတ်ပါဘူး ဒီလိုမှမလုပ်ရင်ပူတူးကသားနောက်လိုက်ပါ့မလား သူ့ကိုခိုးပြေးလာတာမသိသေးဘူး.."

"ဘာပြောလိုက်တယ်သား..."

"ဟုတ်တယ် သားပြောသလိုပဲ အပန်းပြေခရီးထွက်လာတယ်လို့ညာထားတာ"

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now