အခုဆို ကျွန်တော်လဲဘွဲ့ရကျောင်းသားကြီးဖြစ်ပြီ ရှေ့ဆက်ရမယ့်အနာဂတ်နဲ့ဦးတည်ရာတွေရောက်ဖို့ကြိုးစားရအုံးမယ် ၊ ကလေးအတွေးတုန်းကတော့ တက္ကသိုလ်ဆိုတဲ့စာသင်နှစ်ပြီးရင် အေးဆေးအလုပ်ဝင်လို့ရမယ်ပေါ့ ။
ထင်ထားတာနဲ့တက်တက်ဆင်လွဲတယ် ပျော်စရာကောင်းခဲ့တဲ့ ကျောင်းသားဘဝကို လေးနှစ်တာဖြတ်သန်းပြီးမှာ သူငယ်ချင်းအားလုံးကလဲသူတို့မွေးရပ်မြေဆီ အသီးသီးပြန်ကုန်ကြပြီ ။
ကျွန်တော်ဟာ ဒီမြို့ခံလူတစ်ယောက်ဆိုတော့ ကျန်ခဲ့တယ်ပြောရမှာပဲ ၊ ကျောင်းပြီးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နေတယ် သင်တန်းတွေတက်တယ်။
ဒီလိုနဲ့ မမေ့နိုင်တဲ့အရာတစ်ခုဟာ နူးယံရဲ့ကိုကိုပါပဲ ၊ သူနေတယ်ပြောတဲ့ ရပ်ကွက်ကလေးဘက်ရောက်တိုင်း တွေ့ရမလားဆိုတဲ့အတွေးမျိုးနဲ့ ဖြတ်သွားခဲ့တဲ့အကြိမ်ပေါင်းမရေတွက်နိုင် ။
နူးယံကအပြင်အလုပ်တွေသိတ်ဝင်စားပေမယ့် အိမ်ကဖေဖေနဲ့မေမေတို့ဝန်ထမ်းလေးအဖြစ်ပဲမြင်ချင်တယ်ဆို၍ ကျောင်းဆရာလေးဖြစ်ခဲ့တယ်
လုပ်အားပေးဆရာလေးအဖြစ် 2019ခုနှစ်မှာ ရွာလေးတစ်ရွာသွားခဲ့တယ် ရွာလေးနာမည်က ညောင်ရွှေသာ တဲ့ အေးချမ်းတယ် ရွာသူရွာသားတွေကလဲ ဖော်ရွေစွာဆက်ဆံကြတယ် ၊ အဲ့လိုနဲ့ လုပ်အားပေးအဖြစ်လုပ်သက်ကြာပြီဖြစ်တဲ့ နူးယံကိုအမြဲထမ်းဝန်ထမ်းအဖြစ်2023မှာခန့်အပ်ခဲ့တယ် ။--------------+-
တစ်ဖက်တွက်လဲ ဆေးရုံကဆင်းမယ့် လူနာတစ်ယောက် ၊ နာမည်က နွန်းထက်ဟံဇန်
နွန်းထက်ရောက်ရှိနေတာ ထိုင်းနိုင်ငံခေါ် ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံပါ ၊ ဒီရောက်နေတာလွန်ခဲ့တဲ့ 2018ခုနှစ် ဇူလိုင်လထဲက နှလုံးအဆို့ရှင်ခွဲစိတ်ကုသဖို့ မာမီတို့နဲ့အတူ ရောက်လာခဲ့ခြင်း ၊
ဆေးရုံကြိုတက်ရမယ်ဆိုတာ ရောက်နေခြင်း ။အောက်တိုဘာလမှာ ခွဲစိတ်ဖို့အတွက် ခွဲခန်းထဲဝင်ခဲ့တယ် ၊ ကျွန်တော်က Heart Attackလဲရှိခဲ့ဖူးတော့ ခွဲရာမှာ အနည်းငယ် အန္တရာယ်ရှိမယ်လို့ဆရာဝန်ကြီးက ကြိုပြောခဲ့တယ် ။
ခွဲခန်းဝင်ပြီးတိုင်အောင် ကျွန်တော် သတိပြန်မလည်တာကြောင့် အပေါ်အခန်းတစ်ခုမှာနေခဲ့ရတယ် ၊ Heart Attackရှိတာကြောင့် အကျိုးဆက်ခံရတယ်ဆိုပါတော့ ။
YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romanceဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်