"မတွေ့တာကြာပြီ ပူတူးလေး"
ဟင်!!!
"ခင်.. ခင်ဗျား ကိုကိုလား"
"ကဲ ဆရာလေးရေ ဧည့်သည့်ကိုအိမ်ထဲဝင်ခိုင်းပါလား"
"လာအထဲဝင်ထိုင်ပါအုံး"
နူးယံအိမ်လေးသည် ပျဉ်ထောင်အိမ်မြင့်ကလေးဖြစ်သည် ။ အမြင့်ဆိုပေမယ့်အနည်းငယ်မြင့်ရုံသာ ဒီအိမ်လေးက သူကြီးရဲ့အရင်အိမ်ကလေး ၊ အရှေ့မှာသက်ကယ်အဖီလေးေဆာက်ထားပြီး ဧည့်သည်လာရင်ထိုင်ကွပ်ပစ်လေးရယ် စားပွဲခုံလေးရယ် ထားလိုက်တယ် ။
ဘုရားစင်ကလေးမှာ သပြေပန်းကပ်လှူထားတယ် အခန်းနှစ်ခန်းပါရှိပြီး မီးဖိုချောင်ကလေးကအနောက်ကိုအဖီဆွဲဆောက်ထားတယ် ။ ရေချိုးဖို့ အုတ်စည်ပိုင်းလေးထားပေးထားတယ် ။နေစရာမပူရ စားဖို့လဲမပူရတဲ့ရွာလေးမှာနေရတာစိတ်ချမ်းသာသည်။
"ဟို..ဧည့်သည်ထိုင်ဖို့က ဒီနေရာလေးပဲရှိတာ ရွာဘက်ဆိုတော့ မြို့ကလိုတော့ မရှိဘူး"
"ရပါတယ် ကိုကိုထိုင်တတ်ပါတယ်"
"ဆရာလေး ယဉ်သူ ရေနွေးကြမ်းနဲ့လက်ဖက်သုပ်လေးပြင်ပေးမယ်"
"ကောင်းတယ် မယဉ်သူရေ ကူညီပေးပါအုံး"
"ကျုပ်မေးပါအုံးမယ် ဘယ်လိုဖြစ်ပြီး ဒီရွာထိရောက်လာတာလဲ ဘယ်လိုသိလဲ"
"ပူတူးကလဲ အရင်လိုနူးယံကလေလို့ပြောလိုက်ပါလား ကျုပ်တဲ့ သူစိမ်းဆန်တယ်ကွာ"
"ပျောက်တုန်းက ပျောက်သွားတာနှစ်တွေကြာလို့ ကျုပ်အားလုံးကိုမေ့ပျောက်သွားခါမှ ဘာလို့ပေါ်လာသေးလဲ"
"အဲ့ဒါက အဲ့နှစ်တွေမှာ ပူတူးမသိတာတွေအများကြီးဖြစ်ပျက်သွားလို့ပါကွာ"
"ကိုကိုက ဒီအနှစ်တုံးပူတူးကို ထားရစ်ခဲ့နိုင်ပါ့မလား"
"အပြောကတော့ ရွှေမန်းပဲ"
"အပြောမဟုတ်ဖူး လက်တွေ့နော်"
"ကိုကိုဒီမှာ တစ်လလောက်နေမှာနော်"
ဘာ!!!
"ဖြည်းဖြည်းအော်ပါကွာ ကိုကိုကအသည်းငယ်တတ်တယ်"
YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romantizmဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်