အခန်း ၁အိမ်အပြင်ဘက်က ကျေးဌက်ကလေးတွေက တီတီတာတာ.. နေမင်းကြီးကတော့ တဖြေးဖြေးတောက်ပလို့.. လိုက်ကာစတွေက တစ်လွင့်လွင့်နှင့်..
ကုတင်ထက် အရင်နိူးလာတဲ့ ကောင်လေးက မျက်လုံးလေးဖွင့်ပြီး ဘေးက မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်ပြီး အခန်းအပြင်ကို ထသွားလိုက်သည်.။
သူ အိပ်ပါစေ ညက တော်တော်နဲ့မှ မအိပ်ဖြစ်တာ.. ။
သူ ရေမိုးချိုးလိုက်ပြီး မနက်စာပြင်ဖို့ ထမင်းစားခန်း၀င်လိုက်သည်။
ဒီနေ့ကတော့ ကော်ဖီနဲ့ ပေါင်မုန့်မီးကင်လေးပဲ လုပ်လိုက်တော့မယ်..။ ပျားရည်နွေးနွေးကတော့ မပါမဖြစ်..။ ပျားရည်နွေးနွေးလေးက စိတ်ကြည်စေတယ်လေ။ ချစ်ရသူ မနက်နိုးလာရင် ခေါင်းကိုက်နေမှာ..။
သူအောက်ဘက် ထမင်းစားခန်းမှာပြင်ဆင်ပြီးတော့ အပေါ်ထပ် ပြန်တတ်ခဲ့လိုက်သည်။ တော်ကြာ အလုပ်နောက်ကျနေလိမ့်မည်..။
အပေါ်ထပ်အိပ်ခန်းရောက်တော့ စောင်ကိုဘေးကန်ပြီး ထထိုင်နေတဲ့ သူချစ်ရသူကြောင့် ပြုံးလိုက်၏။
"နိုးပြီလား မာန်.. မောနင်း.."
ဒါပေမဲ့ ထုံးစံအတိုင်း သူလက်ခံနေကျ အကြည့်စူးစူးတစ်ချက်ကိုပဲ ရရှိမြဲ..။
"ငါ့ကို ဘာလို့စောစောမနိူးတာလဲ.."
"မင်း မနေ့က အိပ်ယာ၀င်နောက်ကျနေလို့ အိပ်ပါစေဆိုပြီး.."
"အပိုတွေမပြောနဲ့.. ငါအလုပ်နောက်ကျလို့ အချိန်တွေ ငွေကြေးတွေ ဆုံးရှုံးသွားရင် မင်းတာ၀န်ယူမှာလား..ပြော.."
သူသက်ပြင်းချလိုက်ရင်း ပြုံးလိုက်တော့သည်..။
"မာန်..ထတော့ မင်း ဆူနေတာနဲ့ပဲ ပိုပြီးနောက်ကျတော့မယ်..."
သူပြောလိုက်တော့ ထသွားသည့် မာန်ကြောင့် ပြုံးလိုက်သေး၏..။
မာန်က သူ့ကို စိတ်မကြည်လို့ဆူတာပါ..။
..............................................
သူ ထမင်းစားခန်းကနေ ထိုင်စောင့်နေရင်း သတင်းစာဖတ်နေလိုက်သည်.. ဒီနေ့ ဘာသတင်းတွေ ပါလာမလဲ..။