အခန်း ၄
"မာန် မင်းချစ်ခဲ့ဖူးလား.."
မာန့်ရဲ့ရှေ့လေးမှာ နေရင်း သူမေးလိုက်သည်.. မာန်က စာချုပ်တွေနဲ့အလုပ်တွေရှုတ်နေခဲ့၏။ သူ နှောင့်ယှက်သလိုဖြစ်နေတာ သူသိခဲ့ပေမဲ့လည်း သူသိချင်သေးပါသည်။
"အင်း.."
ထူးထူးဆန်းဆန်းပြန်ဖြေလာတဲ့ မာန့်ကြောင့် သူပြုံးလိုက်သည်.. ဒီစကားဟာ မာန့်ရဲ့ သူ့စကားတွေအပေါ် ပြန်တုန့်ပြန်တာ ပထမဆုံးပဲ..။
"အခုကော မင်းသူ့ကိုချစ်သေးလား.."
"အင်း.."
ဒီစကားကြားတော့ သူ့ရင်ထဲ ပူလောင်ကာ ဝမ်းနည်းလာပြန်သည်..အဲ့တာကြောင့်ထင်ပါသည်..သူ မာန်ရဲ့အချစ်ကိုအခုထိမရခဲ့တာ.. ဒါဆိုမာန်က ချစ်တတ်တဲ့သူပေါ့.. တော်သေးသည်.. သူက မာန်မချစ်တတ်ဘူးလို့ တစ်ချိန်လုံး ထင်နေခဲ့တာ...။
"မာန် သူနဲ့ ဘာကြောင့် လမ်းခွဲခဲ့တာလဲဟင်.."
သူ့စကားကြောင့် မာန်က လုပ်လက်စတွေချပြီး သူ့ကို စူးစူးရဲရဲ ကြည့်လာခဲ့ကာ..
"သိချင်လား.."
"အင်း..သိချင်တာပေါ့.."
"သူ့ကို လက်ထပ်ခွင့်တောင်းမဲ့ည.."
"ဟင်..အဲ့တာဆို မာန် လက်ထပ်ခွင့်မတောင်းခဲ့ဘဲ လမ်းခွဲလိုက်တာပေါ့.. ဘာဖြစ်လို့လဲ....ဟင်.."
"သူ့ဆီ အချိန်မှီ မရောက်ခဲ့လို့..."
"ဘာဖြစ်လို့လဲ.. မာန် တစ်ခုခုဖြစ်ခဲ့လို့လား.."
သူရိုးစင်းစွာမေးလိုက်သည်။ မဟုတ်ရင် မာန်က သူချစ်တဲ့သူကို ဘာလို့ လက်မထပ်ခဲ့ရတာလဲ..။
"မင်းနဲ့အတူရှိခဲ့တဲ့ ည.."
ရန် : ...........
"မင်းနဲ့ ငါ့ကိုမြင်တဲ့အချိန်..."
ရန် : ...............
"သူ့အမှတ်နဲ့ မင်းကို ဖက်ထားခဲ့တဲ့အချိန်..."
ရန် : ...............
"ငါဆက်ပြောရမလား...."
"ခဏ..ခဏလေး..နော်..မာန်..."
သူ့ရဲ့နှလုံးခုန်သံတွေက မြန်လာခဲ့သည်.. နားထဲအသံတွေ ဆူညံလာခဲ့သည်... ချွေးတွေထွက်လာခဲ့သည် ။