အခန်း ၃
"မင်း အလုပ်ထွက်လိုက်တော့..."
မနက်စာ ပြင်ဆင်နေတဲ့ သူ့ရဲ့နောက်ကနေ ကြားလိုက်ရသောစကားစု..။
"ဘာပြောလိုက်တာလဲ..မာန်.."
"အလုပ်ထွက်လိုက်လို့ပြောနေတာ..မကြားဘူးလား.."
ထူးထူးဆန်းဆန်း သူ့ရဲ့ အလုပ်အကြောင်းစိတ်ဝင်စားနေတဲ့ မာန့်ကြောင့် သူပြုံးလိုက်သည်.။
"ဘာလို့လဲ..မာန်.. အကြောင်းပြချက်များရှိလား.."
သူ ပြုံးကာသာ မေးလိုက်၏.. အကြောင်းမရှိဘဲနဲ့တော့ မာန်က ဒီလိုပြောမှာမဟုတ်..။
"မင်းကိုငါက အကြောင်းပြချက်ပေးရမှာလား..ငါထွက်ဆို ထွက်လိုက်ပေါ့.. လေရှည်မနေနဲ့.."
"မာန်..ငါမထွက်နိုင်ဘူး.."
သူပြောလိုက်တော့ မာန်ရဲ့တွန့်ချိုးနေတဲ့မျက်ဝန်းတွေက ပုံမှန်ဒေါသထက်ကို ပိုနေတယ်လို့ ခံစားနေရသည်။
"မင်းလို ဘာမဟုတ်တဲ့ကောင်က ငါ့ကို ပြန်ပြောရဲတယ်..ဟုတ်လား.."
မာန့်ရဲ့ စကားကြောင့် သူ့ရဲ့နှလုံးသားက နည်းနည်းလေးတော့ ၀မ်းနည်းသွားမိ၏..မာန်က စိတ်ဆိုးရင် ရှေ့မကြည့်နောက်မကြည့်ပြောတတ်တယ်ဆိုတာ သူမေ့နေခဲ့သည်ပဲ.။
"မာန်..ငါတစ်ကယ်မထွက်ချင်ဘူး..ပြီးတော့ မင်းမှာလည်း ရေရာတဲ့အကြောင်းပြချက်မှမရှိတာပဲ.. ငါ့ကို ဒီတိုင်းလွှတ်ထားပေးလို့မရဘူးလား..ငါ့အလုပ်ကလည်း ဒီအတိုင်းထွက်လိုက်လို့ရတဲ့အလုပ်မှမဟုတ်တာ..ငါဒီအလုပ်ကိုလုပ်လာတာ နှစ်ကြာနေပြီ..အခုမှတော့ ငါမထွက်ချင်ဘူး မာန်.."
သူ့စကားကြောင့် နီရဲလာတဲ့ မာန့်မျက်ဝန်းတွေကသူ့ကို အစိမ်းလိုက်ချိုးဖဲ့ချင်သလို.. ဒါပေမဲ့ သူမပြောလို့မဖြစ်..ဒီအလုပ်က သူ့ရဲ့ဘ၀..ပြီးတော့ ဒီအလုပ်က သူချစ်ရတဲ့ မာန်နဲ့ဆုံပေးခဲ့တာ..။
တောက်စ်...
ဒေါသတကြီးထွက်သွားတဲ့ မာန့် ကျောပြင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ မာန်စိတ်ဆိုးသွားရင် သုံးရက်လောက်အိမ်ပြန်လာတော့ဘူး..။ ဒီလိုပါပဲ..အိမ်ထောင်တစ်ခုက ရန်ဖြစ်လိုက် ပြန်အဆင်ပြေလိုက်ပေါ့.. ဒါပေမဲ့ သူရဲ့ရန်ဖြစ်သက်တမ်းကတော့ တစ်ခြားအိမ်ထောင်သည်တွေထက် ပိုများမှာ..။