[Uni]
ရန်လို့ခေါ်ပြီး ရင်းနှီးသူတွေက ရန်လေးလို့ခေါ်လေ့ရှိသည်..။
မထင်မရှား သတင်းထောက်တစ်ယောက်ဖြစ်ပြီး နေရာပေါင်းစုံသွားကာ သတင်းစုံစမ်းနေသူတစ်ဦးလည်း ဖြစ်သည်..။
gayလို့ ရင်းနှီးသူတစ်ချို့က သိထားပြီး ယောကျာ်းတစ်ယောက်ကိုပင် အရှက်မရှိ လက်ထပ်ထားသည်ဟု သံသယဖြစ်နေကြသူများလည်းရှိသည်။
ရုပ်ရည်လေးနဲ့မှ မလိုက် "အရှက်မရှိ"လို့လည်း ပေါ်တင်ကော နောက်ကွယ်ကော ပြောဆိုကြပေမဲ့ ရန်ကတော့ ဘာကိုမှ မပြော အပြုံးဖြင့်သာ ဆက်ဆံပြီး အလုပ်တာ၀န်ကိုသာ ဦးစားပေးပြီး တာ၀န်ကျေအောင် လုပ်ပေးတတ်သည်။
အိမ်မှာတော့ အိမ်တာ၀န်ကျေပွန်ပြီး အလုပ်မှာလည်း အလုပ်တာ၀န်ကျေပွန်သူဖြစ်ပေမဲ့ လူတွေ ပါးစပ်ဖျားထဲ ရန်က gayတစ်ယောက်ဖြစ်ပြီး လူအများရဲ့ အထင်သေးခြင်းကို အမြဲခံရသည်..။ ဒါပေမဲ့ ရန် အမြဲတမ်း ပြုံးကာဆိုလေ့ရှိတဲ့စကားကိုတော့ လူတိုင်းနီးပါး ကြားဖူးကြ၏။ အဲ့တာက...
"gayလည်း လူပဲလေဗျာ.. gayတွေလည်း ချစ်တတ်တဲ့ အသည်းနှလုံးရှိတယ်ဗျ.. ဘယ်သူမှတော့ gayဖြစ်လာဖို့ မရည်ရွယ်ပါဘူးလေ.. ကျွန်တော် ချစ်မိတဲ့ လူက ယောကျာ်းတစ်ယောက်ဖြစ်ခဲ့ရုံတင်လေးပါ.. မိန်းမတစ်ယောက်ကိုမချစ်မိဘဲ ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ချစ်မိလို့ဆိုပြီး ယုတ်ညံ့တယ်လို့တော့ မဆိုနိုင်ဘူးလေဗျာ.."
"ကျွန်တော့်အတွက်တော့ သူ့လိုလူကိုချစ်မိတာ တစ်ကယ့်ကို ကံကောင်းတာပဲဗျ.." ဟူ၍။
Helloပါ ဒီဇာတ်လမ်းကို pageတစ်ခုဆီ သွားအပ်ထားပါတယ်.. တစ်ခြားတော့မဟုတ်ပါဘူး လှူရင်း စာဖတ်လို့ရအောင်ပါ.. အားလုံးသိကြတဲ့ clickတစ်ချက်နဲ့ အလွယ်တကူ ဝင်ဖတ်လို့လည်းရ၊ အလှူလေးလည်းဖြစ်အောင် တတ်နိုင်သလောက် ပါဝင်ထားပါတယ်.. ဖတ်ပြီးတဲ့သူတွေလည်းရှိသလို မဖတ်ရသေးတဲ့သူတွေလည်းရှိလို့ ပြန်သိမ်းထားတဲ့ ဇာတ်လမ်းကို ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်..
clickရင်းဖတ်ရအောင်လို့ နေ့တိုင်း တင်ပေးဖြစ်မှာပါ.. ဒီမှာဖတ်မဲ့အစား clickရင်း ဖတ်ပေးကြပါနော်..