Ep7

856 38 0
                                    

အခန်း ၇

အချိန်တွေက တစ်နှစ်နီးပါး ကြာခဲ့သည်.. နေ့တိုင်း ရက်တိုင်းမှာ သူ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်ခဲ့သည်..။ နေ့တိုင်း ညတိုင်း ရန်ရဲ့ သတင်းရဖို့ စုံစမ်းသည်.. နေ့တိုင်းစောစောအိမ်ပြန်သည်.. ထမင်း၀ိုင်းပြင်သည်.. ပုံမှန်အိပ်သည်။ အိပ်ပျော်ပါသည်။ တစ်ခါတစ်လေ အိပ်ဆေးရဲ့ အကူအညီယူတာကလွဲလို့ပေါ့.. 

ရန်မရှိပေမဲ့ အိမ်ကို ပုံမှန်ပြန်ပြီး ပုံမှန်အတိုင်းနေသည်.. တစ်ကယ်လို့များ ရန် ပြန်ရောက်လာခဲ့ရင် ဆိုတဲ့အတွေးနဲ့ပေါ့.. ဒီအတွေးနဲ့ နေလာခဲ့တာ..အခုဆို တစ်နှစ်တောင်ပြည့်ခဲ့ပြီ.. 

သူ ရန်ရဲ့မိသားစုကို ဆက်ပြီးထောက်ပံ့ဖို့ပြောခဲ့ပေမဲ့ ချက်ခြင်း အငြင်းခံလိုက်ရသည်။ ရန့်ကို ရှာလို့တွေ့တာနဲ့ သူတို့ပြန်ခေါ်သွားမယ်တဲ့.. သူသဘောမတူခဲ့ဘူး.. ရန်ကတော့ သဘောတူချင်တူမှာပေါ့..သူကတော့ ရန့်ကို ပြန်မထည့်ပေးနိုင်ပါဘူး..။

မာန် တစ်နေ့တစ်နေ့ ရန့်အကြောင်းစုံစမ်းပေးမဲ့ ဘာသတင်းမှ မရခဲ့ဘူး.. အလုပ်ကိုသွားတော့လည်း ဘာကိုမှမကြားရ.. ရန်ရဲ့လက်ထောက်ကောင်မလေးဆို သူ့ကို စကားတောင်မပြောတော့ဘူး.. ဒီကောင်မလေးက နောက်ဆုံးတော့ သူရယ် ရန်ရယ်အကြောင်းကို သိသွားပြီထင်ပါရဲ့.. သူအလုပ်ထုတ်ခံရမယ်ဆိုရင်တောင် ရန့်ကိုတွေ့ရင် ပြောမှာမဟုတ်ဘူးတဲ့လေ..

ရန်က ဒီကောင်မလေးကို စိတ်ရင်းနဲ့ဆက်ဆံခဲ့တယ်ထင်ပါရဲ့.. ကောင်မလေးက ရန့်ကိုအရမ်းကာကွယ်ပေးတာ.. 

ရန်.. ငါမင်းရဲ့အလုပ်နေရာကို ၀ယ်လိုက်ပြီ.. အရာရာဟာ မင်းထားသွားခဲ့တဲ့ နေရာတွေအတိုင်းပဲ.. မင်းရဲ့အလုပ်ထွက်စာကိုလည်း ငါလက်မခံဘူး..မင်းရဲ့ ကွာရှင်းစာချုပ်ကိုလည်း ငါလက်မခံဘူး.. ။

မာန် အိမ်ပြန်ရောက်တာနဲ့ လူမရှိဘဲ ခြောက်ကပ်နေတဲ့ နေရာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်.. ကိုယ်ပြုခဲ့တဲ့ ကံအတိုင်းပဲပေါ့..။

ငါ့ကိုလည်း မင်း ဒီလိုပဲ စောင့်နေခဲ့တာမဟုတ်လား.. ငါကိုယ်တိုင်ကြုံမှပဲ နားလည်တော့တယ်.. မင်းတော်တော်ပင်ပန်းခဲ့မှာပဲနော်..။

ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့သည်Where stories live. Discover now