အခန်း ၆မာန် အတွေးတွေထဲ မြောနေဆဲပင်..။
ရန်က ပိုက်ဆံတွေ အကုန်လွှဲပေးခဲ့တယ်..။
ဒါဆို.. သူ ဘယ်သွားတာလဲ.. ဒါဆို ဒီအိမ်ဆီ ပြန်မလာတော့ဘူးပေါ့...
နှလုံးသားတွေက တစ်စစီဖြစ်နေသလို..ဘာကိုမှ သေချာမတွေးနိုင်ခဲ့..။
"ဉီးလေး..ဘာပြောလိုက်တာလဲ.. ရန် က ပိုက်ဆံတွေလွှဲပေးခဲ့တယ်.. ဟုတ်လား.."
သူ့အမေးကို ကြားတော့ ဉီးလေးက မျက်နှာလွှဲသည်.. သူမပြောနိုင်ဘူးဆိုတဲ့ အမူအရာပင်..
"ကိုကိုက ညီမလေးတိုအတွက် ဘဏ်စာအုပ်နှစ်အုပ်ကို ပို့ပေးခဲ့တယ်..ကိုကြီးမာန်..တစ်အုပ်က ဖေကြီးအတွက်..တစ်အုပ်က ညီမလေးအတွက်.. ဒါပေမဲ့ ညီမလေးတို့က ကိုကို့ကိုပဲ ပြန်လိုချင်တာပါ ကိုကြီးမာန်.. ညီမလေးတို့ပိုက်ဆံမလိုဘူး.. ကိုကိုက ညီမလေးတို့ကို ဒီသုံးနှစ်လုံးအဆက်အသွယ်မလုပ်ခဲ့ဘူး.. ညီမလေးတို့ကလည်း ကိုကို့ရဲ့ဖြစ်တည်မှုကိုရှက်ပြီး အဆက်အသွယ်မလုပ်ခဲ့ကြဘူး.. လွန်ခဲ့တဲ့ရက်က အိမ်ကို ဒီစာလေးတစ်စောင်ရယ် ဘဏ်စာအုပ်ရယ်ရောက်လာခဲ့တာ.. ကိုကြီးမာန် ဖတ်ကြည့်မလား..."
ကောင်မလေးပေးတဲ့ စာကို သူလှမ်းယူလိုက်သည်.. သူ့ရဲ့လက်တွေက တုန်ရီနေခဲ့၏.. ဒီစာက ရန်ရဲ့ကိုယ်စားစာပဲ.. သူစာကို ဖတ်ကြည့်လိုက်သည်။
သို့ အဖေ...
ဒီစာနဲ့အတူ ကျွန်တော် စာအုပ်နှစ်အုပ်ထည့်ပေးလိုက်တယ်.. စာကိုဆုံးအောင်ဖတ်ပေးပါအဖေ.. ကျွန်တော်ပြောစရာလေးရှိလို့ပါ..အရင်လို အဖေ့ရှေ့ကိုမလာရဲတော့လို့..စာနဲ့ပဲရေးလိုက်ရတာပါ..ကျွန်တော့ကို ခွင့်လွှတ်ပေးပါနော်..
ပထမဆုံး ကျွန်တော်ပြောချင်တာကလေ..ကျွန်တော် အဖေ့ကို အရမ်းချစ်တယ်.. သားအဖချင်း တစ်ခုမှ ချစ်တယ်လို့မပြောဖူးဘူးနော်.. ကျွန်တော်ကော အဖေကော ယောကျာ်းလေးမို့လို့ထင်ပါရဲ့.. ဒီလိုတွေပြောရတာမလိုအပ်ဘူးလို့ ထင်ခဲ့ကြပုံပါပဲလေ..အခုတော့ ကျွန်တော်စာထဲမှာပဲ ပြောရတော့မယ်..ကျွန်တော်လေ.. အဖေ့ကိုအရမ်းချစ်တာဗျ..
