အခန်း ၅
မာန်... စားသောက်ပြီးတော့ အိမ်ကိုပြန်လာခဲ့သည်... ညနေက ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် သူစိတ်တွေမကြည်နေခဲ့.. သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ ကျောပြင်ကို အမှတ်တမဲ့ လှမ်းကြည့်မိပြီး သူအကြည့်ပြန်လွှဲလိုက်ပေမဲ့ သူ့ရဲ့စိတ်ထဲ ဒီကျောပြင်ရဲ့ပုံရိပ်ကို ထုတ်လို့မရခဲ့...။
အိမ်တံခါးကိုဖွင့်လိုက်ပြီး ၀င်လိုက်သည်.။
ခြေရင်းထက်မှာတော့ စီရီထားတဲ့ ဖိနပ်စင်.. ။
သူဖြစ်သလိုသာ ချွတ်လိုက်၏.နောက်နေ့ သူရဲ့ဖိနပ်က ဖိနပ်စင်မှာ ညီညီလေးစီထားမှာ တွေ့ရမှာဖြစ်နေလို့ပဲ..။
သူ ညစာစားပြီး ဝိုင်ပြင်းတစ်ခွက်ထပ်သောက်လိုက်တာကြောင့် ခေါင်းတွေက နည်းနည်းနောက်နေခဲ့သည်။
သူဧည့်ခန်းကိုရောက်တဲ့အခါ.. မှောင်နေခဲ့သည်.. မီးမဖွင့်ထားဘူး..ခါတိုင်း ဒီအချိန်ဆို မီးဖွင့်ပြီး ဧည့်ခန်းထက် သူ့ကိုစောင့်နေတဲ့ သူတစ်ယောက်ကိုလည်းမတွေ့ရ.. သူဧည့်ခန်းမီးရဲ့ တည်နေရာကိုမသိဘူး..ဒါကြောင့် မီးလည်းဖွင့်မနေတော့ပဲ အိပ်ခန်းကိုသာ တန်းလာခဲ့လိုက်သည်။
အိပ်ခန်းကလည်း မှောင်မဲနေတာကြောင့် တံခါးဘေးက မီးကို ဖွင့်လိုက်သည်။ ပြန့်နေတဲဲ့ အိပ်ယာခင်းက သပ်သပ်ရပ်ရပ်.. ။
သူဘယ်ရောက်နေတာလဲ..
ဒါက ပထမဆုံးအကြိမ် သူ့ကို မတွေ့ခြင်းဘဲ..။
သူဧည့်ခန်းကိုကျော်ပြီး ဧည့်သည်ခန်းဆီလျှောက်လာလိုက်သည်။ သူ စိတ်မကြည်တဲ့အချိန်ဆို ရန့်ကို မောင်းထုတ်တတ်သည်။ ဧည့်သည်ခန်းက ရန် ဝင်အိပ်နေကျပဲ.. သူ ဧည့်သည်ခန်းကို ၀င်လိုက်ပေမဲ့ လူကိုမတွေ့ရ.. မာန် ဧည့်ခန်းကို ခဏငေးကြည့်နေမိသည်.။
နာရီကိုကြည့်လိုက်တော့ ညတစ်နာရီ...ပထမတော့ စိတ်ညစ်ညစ်နဲ့ Merryနဲ့ ဟိုတယ်မှာပျော်ဖို့ ဘိုကင်တင်ထားလိုက်ပေမဲ့ စိတ်မပါတော့တာကြောင့် အိမ်ကိုပဲပြန်လာလိုက်တာ.. သူပထမဆုံး အိမ်ရဲ့တိတ်ဆိတ်ခြင်းကို ခံစားမိလိုက်တာပဲ.. အပ်ကျသံတောင်မကြားရတဲ့ သူ့ရဲ့အိမ်.. သူ့ရဲ့နေရာကြောင့် ပထမဆုံး အိမ်ရဲ့ အေးစက်ခြင်းကို သတိထားမိလာတော့သည်.။