Ep2

599 40 1
                                    

အခန်း (၂)

လွန်ခဲ့တဲ့ သုံးနှစ်အလွန်က မာန်နဲ့သူ ပထမဆုံးတွေ့ဖြစ်တာက သတင်းယူရင်းနဲ့.. 

မာန့်ကို သူက အင်တာဗျူးရမှာ.. အဲ့ဒီ့နေ့မှာပဲ သူပထမဆုံး မာန့်ကိုမြင်ဖူးပြီး ပထမဆုံးချစ်မိခဲ့တာ.. ကံဆိုးချင်တော့ မာန်က သူ့ကိုစတွေ့ကတည်းက မတူသလိုဆက်ဆံခဲ့တာလေ..။ 

သတင်းယူတာ နှစ်ခါမြောက်မှာတော့ သူ မာန်တို့ရှိရာ ဟိုတည်တစ်ခုဆီ သွားခဲ့ရသည်။ ဟိုတယ်မှာ မာန်တို့ လုပ်ငန်းတူပါတနာချင်း ပါတီပွဲပေးကြသည်လေ.. သူကတော့ အလုပ်ဆိုင်းအချိန်အပိုအဖြစ် မာန့်ကို တာ၀န်ယူပြီး အင်တာဗျူးပေးရမှာ.. သူကလည်း မာန့်ကို သဘောကျနေတော့ ရေကန်အသင့် ကြာအသင့်ပေါ့..။ 

သူရောက်တော့ ပါတီပွဲက စလို့ တစ်၀က်တောင်ရောက်နေပြီ.. ဒါပေမဲ့ မာန့်ကိုမတွေ့ရတာကြောင့် လိုက်ရှာမိတော့ မိန်းမတစ်ယောက် ရင်ခွင်ထဲ အသိမဲ့နေသလို.. သူအနားရောက်တော့ ကူညီပါတဲ့.. မျက်၀န်း ညို့ညို့တွေက စိုက်ကြည့်ပြီး အကူညီတောင်းသည်..။

သူ့လို တစ်ဖက်သတ် ကြိုက်နေတဲ့သူအတွက် မာန့်ကို ကူညီရတာ သူ့အတွက် ကံကောင်းခြင်းပဲ..။

မူးနေတဲ့ မာန်ကလေ ဒီလိုပုံစံလည်း ဆွဲဆောင်မှုရှိနေလိုက်တာ.. မာန့်ဘေးက မိန်းကလေးတွေကိုတောင် မနာလိုမိသည်..။ မာန့်လို လူချောလေးဘေးမှာ အနီးကပ်နေနေရလို့လေ..။

သူ မာန့်ကို ကူညီပြီး ဟိုတယ်ထဲက မာန် တည်းရမဲ့ အခန်းဆီ လိုက်ပို့ပေးခဲ့၏..။ မာန့်ရဲ့ အခြေအနေမဟန်တာကြောင့် သူသိလိုက်သည်။
မာန် ဆေးခတ်ခံရပြီလို့..။

နောက်ဆုံးတော့ သူ မာန့်ကို ကူညီပေးခဲ့ရသည်။
.
.
.
.

အိမ်မက်ထဲမှာတော့ ပန်းခင်းကြီးထဲ သူ့ကို ပြုံးရင်းကြည့်နေတဲ့ မျက်၀န်းတွေ..။ မာန်က ပြုံးလိုက်ရင် နတ်သားလေးလိုပဲ..ချောလွန်း၏။

ထို့နောက် တစ်ဖြေးဖြေး ထင်ရှားလာတဲ့ မျက်၀န်း.. ဒီတစ်ခါတော့ ခက်ထန်တဲ့ မျက်၀န်းတွေနဲ့ သူ့ကို စိုက်ကြည့်နေတယ်..မာန် သူ့ကို စိတ်ဆိုးနေသည်..။

ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့သည်Where stories live. Discover now