ကုန်ဆုံးခဲ့တဲ့ အချိန်များရယ်။
ဖြတ်သန်းနေဆဲ နေ့ရက်များရယ်။ဒိုင်ယာရီ စာရွက်တွေ ကုန်လွန်ခဲ့တာလည်း တစ်ရွက်ပြီးရင်း တစ်ရွက်။
နှစ်တွေကြာပြီး အချိန်တွေလွန်ခဲ့လည်း စာမျက်နှာတိုင်းရဲ့ အကြောင်းရာတွေထဲမှ မပြောင်းမလဲနဲ့ ထင်ကျန်နေဆဲအရာက Jeon JungKook ဆိုတဲ့ သူ့အမည်နာမတစ်ခုသာ။
ဆယ်ကျော်သက်အရွယ်တုန်းက ငေးကြည့်နေခဲ့ရတဲ့ ကျောပြင်ကျယ်ကလေးအကြောင်း။
ရေတွက်ခဲ့ရတဲ့ သူ့ခြေလှမ်းများအကြောင်း။
ခိုးပြီးသဘောကျခဲ့ရတဲ့ သူ့ရယ်သံကလေးတွေအကြောင်း။
အမှတ်မထင်နဲ့ လမ်းအတူလျှောက်ပြန်ခဲ့ရတဲ့ အိမ်ပြန်ချိန်လမ်းကလေးအကြောင်း။
16နှစ်အရွယ်ရဲ့ ရင်ခုန်စရာတွေဟာ မည်သည့်အရွယ်၊ မည်သည့်အချိန် ရောက်ရောက်၊ ဒိုင်ယာရီစာရွက်ကလေးကို ပြန်လှန်လိုက်တာနဲ့ ရင်ခုန်ရတုန်းပင်။
ဖြတ်သန်းလာတဲ့ ဘဝရဲ့ သက်တမ်းတစ်လျှောက် နံဘေးနားမှာ သည်လူက ပါလာခဲ့တာမို့ ပီတိတစ်ခုကလည်း အခုထက်ထိရှိနေဆဲ။
တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး “ချစ်တယ် နေကြာငယ်..” ဆိုတဲ့ စကားတစ်ခွန်းကို သူ့ဆီကနေ အပူပင်ကင်းကင်းကြားနိုင်ခဲ့ဖို့ ပင်ပန်းခဲ့ရင်း ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေ။
မားမားအရှေ့မှာ အတူ ဒူးထောက်ခဲ့ကြတဲ့ နေ့ရက်ကလေးရယ်။
မှောင်ရီပျိုးနေတဲ့ညနက်ကြီးမှာ အော်ငိုကြရင်း ရန်ဖြစ်ခဲ့ကြတဲ့ နေ့ရက်ကလေးရယ်။
မိုးတွေရွာနေတဲ့ နေ့က ပထမဆုံး ကျွန်တော့်နှုတ်ခမ်းပေါ်ကို ရောက်လာတဲ့ သူ့အနမ်းကလေးရယ်။
အကြောင်းရင်းတွေ အများကြီး ရှိနေခဲ့တဲ့ ထဲမှာမှ ဒါတွေကတော့ ဒိုင်ယာရီလေးထဲမှာ ပိုပြီး ထင်ရှားခဲ့တဲ့ အကြောင်းရာတွေပေါ့လေ။
“လက်ထပ်ပြီးရင် ညတိုင်း ကြယ်တွေကို ငေးကြမယ်” ဆိုတဲ့ ကတိစကားလေးနဲ့အတူ အခုဆို သူနဲ့အတူ ညဘက်ရောက်တိုင်း ကြယ်တွေကို ငေးကြည့်နေခဲ့တာ။
YOU ARE READING
Still With Coffee (Complete)
FanfictionSeason 2 Of Bitter Coffee In My Heart Jeon JungKook X Kim TaeHyung ✓21122022-1032023✓ |LivoniaKim|