[Part-5]

4.4K 456 106
                                    

နုံးချိချိနဲ့နိုးလာတဲ့ မနက်ခင်း။ အရင်ကလို ခြေရင်းက မှန်ပြတင်းပေါက်ကြီးအရှေ့မှာ တပ်ဆင်ထားတဲ့ လိုက်ကာကို ဆွဲဖွင့်ပေးမယ့် အဲဒီလူ မရှိဘူးမို့ TaeHyung ရဲ့ မနက်ခင်းမှာ တစ်ခုခုက လစ်ဟနေခဲ့သည်။

မနက်ခင်းအနမ်းတစ်ပွင့်ကို TaeHyung တောင်းတနေခဲ့မိပေမယ့် အဲဒီလူကတော့ အခုချိန်ထိ ပြန်မလာသေးဘူးထင်သည်။

ဖုန်းဆက်ချင်ပေမယ့် ဖုန်းဆီကို မလှမ်းနိုင်တဲ့ TaeHyung ရဲ့ စိတ်ပျက်ဖို့ကောင်းလက်တွေ။

ဒီလောက်အထိ သည်းခံပေးတဲ့လူကိုတောင် TaeHyung က သိပ်ဆိုးလွန်းတော့သည်။

ပုံမှန်နဲ့ တူညီနိုင်မည်မဟုတ်သည့် တနင်္ဂနွေနေ့အကြောင်းကိုတွေးမိတော့ အိပ်ခန်းထဲမှာ သက်ပြင်းချသံတွေ တရစပ်။

ဒီတိုင်းထိုင်နေလို့တော့မရသည်မို့ အိပ်ရာပေါ်ကနေ ထထိုင်လိုက်ပြီး ခြေရင်းကလိုက်ကာကြီးကို ဆွဲဖို့လိုက်တော့ တိုးဝှေ့ဝင်လာတဲ့ အလင်းရောင်ခြည်တန်း။

သက်ပြင်းတစ်ချက်ထပ်ချမိရင်း ရေချိုးခန်းထဲသို့ သူဝင်ခဲ့လိုက်သည်။ မနေ့က တစ်ညလုံး မအိပ်ဘဲ ငိုနေခဲ့မိတဲ့အတွက် ဖောင်းအစ်နေတဲ့ သူ့မျက်လုံးတွေကို ရေဆေးချမှဖြစ်မှာမို့ပင်ဖြစ်၏။

မျက်နှာသစ်ရုံသစ်ပြီး ရေတောင်မချိုးနိုင်တဲ့ TaeHyung ပုံစံက တကယ်ကို နုံးချိချိ။

စိတ်က မတက်ကြွတော့ လူကပါ ထိုင်းမှိုင်းနေတော့သည်။

အခန်းပြင်ကို ထွက်လာတဲ့သူ။

ဘယ်နေရာကိုကြည့်ကြည့် အဲဒီလူရဲ့အရိပ်ကြီးပဲ ထင်ဟပ်နေတဲ့ အိမ်ရဲ့ နေရာတွေ။

ချစ်သူသက်တမ်းတစ်လျှောက်.. အိမ်ထောင်သက်တစ်လျှောက် TaeHyung တို့နှစ်ယောက် အကြီးအကျယ်ရန်ဖြစ်တာဆိုလို့ မနေ့က ဖြစ်ရပ်တစ်ခုပင်ရှိသော်လည်း အဲဒီဖြစ်ရပ်တစ်ခုမှာတင် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြရသည်။

အဲဒီလူက ကျွန်တော့်အ‌ေပါ်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ စကားအသုံးနှုန်းဟော့ဟော့ရမ်းရမ်းတွေ တစ်ခါမှ သုံးနှုန်းခဲ့ဖူးတာမရှိသလို TaeHyungလည်း အဲဒီလူအား ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ဖူးပါ။

Still With Coffee (Complete)Where stories live. Discover now