[Part-24]

3.8K 411 107
                                    

"အေး ပြတ်တယ်.. ခင်ဗျားနဲ့ ကျွန်တော် ပြတ်တယ်.."

ကားပေါ်ကနေ ဝုန်းဒိုင်းကြဲပြီး ထွက်သွားတဲ့ Chan..

ဝူဟျော့က ပတ်ထားတဲ့ ခါးပတ်ကိုအလျင်မြန်ဖြုတ်ပြီး ကားပေါ်မှဆင်းကာ Chan အနောက်သို့ ပြေးလိုက်ရ၏။

"Chan.. Chan.. နေဦး.. ကိုယ်ပြောတာကို နား‌ထောင်ဦး.. ကိုယ် ပြောနေတာ ခဏပဲ နားထောင်စမ်းပါကွာ"

ပလပ်ဖောင်းပေါ်ကနေ လမ်းကို ခပ်သုတ်သုတ်လျှောက်သွားတဲ့ Chanရဲ့လက်ကို ဆွဲယူလိုက်တော့ Chanက နည်းနည်းလေးမှ လှည့်၍ မကြည့်။

"Chan.. လက်ထပ်ဖို့ကိစ္စကို အခုချက်ချင်းကြီး မစဉ်းစားဖို့ဘဲ ကိုယ်မင်းကိုပြောတာပါ၊ လက်မထပ်ဘူးလို့လည်း ကိုယ်မင်းကိုမပြောပါဘူး.. အဘွားရဲ့ ကျန်းမာရေးအခြေနေကြောင့်.."

"ခင်ဗျား အဘွားက သောက်ရမ်းကြီးကို အသက်ရှည်သားပဲနော်.. အခုထက်ထိ"
Chan ခပ်တိုးတိုးကလေး ရေရွတ်လိုက်မိသည်။ ခပ်ရွဲ့ရွဲ့အသံကို တမင် ဖိပြောပစ်မိ၏။ သည်းခံနေရခြင်းတွေမှာ သူတကယ် ပင်ပန်းလှလေပြီ။

"Chan!"

အော်တက်ပစ်တဲ့ အဲဒီ ချွဲဝူဟျော့။ လမ်းမကြီးမှာ ကျွန်တော့်ကို အော်ဟစ်ဆူငေါက်ဖို့ သူ ဘယ်တုန်းကမှ ဝန်မလေးခဲ့လို့ Chanကတော့ ထိုကဲ့သို့ အပြုမူများကို ရိုးအီ၍ နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဘယ့်နှယ့်..။ လက်ထပ်ဖို့ကိစ္စအကြောင်းကို ထပ်ပြီး မပြောပါနဲ့ဦး ဆိုတဲ့ စကားက သူ့အား အမှန်တကယ်ပင် ခံစားရခက်စေသည်။

"မင်း လူကြီးကို ဘယ်လိုစကားမျိုးပြောလိုက်တာလဲ ဟမ်! Chan!"

ခြောက်ကပ်ကပ် Chanရဲ့ ရယ်မောသံက ညနေခင်း ဆောင်းလေပြေနဲ့ အေးစက်စက်ရောနှောသွားသည်။

"အသက်ကြီးပြီး အသက်ရွယ်နဲ့မလိုက်တဲ့ ခင်ဗျား အဘွားကို သောက်မြင်ကပ်လာလွန်းလို့ ပြောနေတာ၊ သူ့အရွယ်က လူငယ်တွေ ကိစ္စကို ဝင်ပြောရမယ့်အရွယ်မဟုတ်တော့ဘူး၊ ကုတင်ပေါ်မှာနေပြီး ဘယ်အချိန် လောကကြီးကိုနှုတ်ဆက်ရတော့မလဲ တွေးနေရမယ့် အရွယ်.. အဟက် ပြောမယ့်သာ ပြောရတာ.. ကျွန်တော်တို့ကလည်း ကလေးမှ မဟုတ်တော့တာဘဲ.. အသက်တွေကပဲ.. သုံးဆယ်ကျော်.. လေးဆယ်ကျော် ဖြစ်နေပြီ.."

Still With Coffee (Complete)Where stories live. Discover now