[Part-27]

3.7K 400 119
                                    

2နှစ်ကျော်မျှကြာပြီးသော်..။

ဆောင်းတွင်းကုန်ပြီးနောက် နွေဦး.. နွေဦးပြီးနောက် မိုးဥတု..။ ဤသို့ဖြင့် ရက်၊လ၊နှစ်တို့ အလီလီပြောင်းလဲခဲ့ပြီးနောက် ကလေးနှစ်ယောက်.. ခွေးလေးနှစ်ကောင်နှင့်အတူ ဖြတ်သန်းရသော တတိယမြောက်အကြိမ်မြောက် မိုးဥတုသို့တစ်ဖန်ပြန်ရောက်လာခဲ့သည်။

နှစ်အသစ်သို့ ကူးပြောင်းခဲ့ပြီမို့ အဲဒီလူအပါဝင်.. ကျွန်တော်သည်လည်း အသက်နှစ်နှစ်ဆီတိုးလာခဲ့ပါပြီ။

ထို့အပြင်..။

ထို့အပြင် ဒီနေ့၌ အသက်တစ်နှစ်ထပ်၍ကြီးလာပြီဖြစ်သည့် သူတစ်ယောက်လည်း ရှိ‌သေး၏။ ဒီနှစ်နဲ့ဆိုရင် ဒီမွေးနေ့ကိုဖြတ်သန်းရသည်မှာ နှစ်နှစ်‌မြောက်ဖြစ်၏။

"ထယ်ဟွန်း.. မွေးနေ့အတွက် ပစ္စည်းတွေ သွားဝယ်မယ်လို့ပူဆာပြီး အိပ်ရာက မထသေးဘူးလား.. အခု.. မင်းဘာသာမင်း မထ,လာရင်..ဒယ်ဒီ လာနှိုးတော့မှာ၊ ဒယ်ဒီပြောနေတာ ကြားလား.."

အပြင်ဘက်က အဲဒီလူရဲ့ အော်သံ သဲ့သဲ့။

အိပ်ရာပေါ်မှာ ငါးနှစ်ပြည့်ပြီဖြစ်တဲ့ မွေးနေ့ရှင်လေးကတော့ ယခုမှ ငေါက်ခနဲထ,ထိုင်လာသည်။

အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကို ပွတ်နေတဲ့ ထယ်ဟွန်း။

ပါးဖောင်းဖောင်းတွေက အနည်းငယ်ဆူပုတ်နေဟန်။
"ဒယ်ဒီကလည်း ငါးမိနစ်လေးတောင် ထပ်ပေးမအိပ်ဘူး ဝှါး.."

ထယ်ဟွန်းနဲ့ထယ်ယွန်းတို့ အခန်းထဲရှိ မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ ထယ်ယွန်းကို ဆံပင်ကျစ်ပေးနေမိရင်း ထယ်ဟွန်းစကားကြောင့် သူ ရယ်လိုက်မိသည်။

"မနက် 8နာရီကျော်နေပြီ အစ်ကိုလေးရဲ့.. မင်း ဒယ်ဒီက မနက်ဆိုရင် 7နာရီထက် နောက်ကျပြီး နိုးတာကို မကြိုက်တာလည်း သိရဲ့သားနဲ့.. ဒီနေ့ သား မွေးနေ့မို့ မင်း ဒယ်ဒီက လာ မဆူဘဲနဲ့ အပြင်က အော်နေတာသိရဲ့လား.."

TaeHyungရဲ့ စကားကြောင့် ထယ်ဟွန်းက အိပ်ရာကနေ ထလာသည်။ ထို့နောက် အိပ်ထားသော စောင်များကိုသေချာခေါက်သည်။ အိပ်ရာခင်းများကို သပ်ရပ်နေအောင် ပြန်လုပ်သည်။

Still With Coffee (Complete)Where stories live. Discover now