[Part-6]

4.7K 421 151
                                    

Pet Lovers ဆိုတဲ့ ဆိုင်းဘုတ်ကြီးကြီးနဲ့အတူ ကားပေါ်ကနေ လှမ်းမြင်နေတဲ့ ခြံဝန်းအကျယ်ကြီး။

TaeHyung က ငေး‌ကြည့်နေမိရင်း အဲဒီလူဘာလို့ ဒီနေရာကို လာမှန်းလည်း TaeHyung မသိ။

ကျွန်တော့်လက်ကို ဆုပ်ကိုင်လာတဲ့ အဲဒီလူ..။

“နေကြာ.. ဆင်းလေ.. အထဲကို ကားဝင်လို့မရဘူးဆိုတော့ ကိုယ်တို့ ဒီမှာပဲ ကားရပ်ရမှာ.. နေကြာ လွပ်လွပ်လပ်လပ်ကြည့်လို့ရအောင် ကိုယ် Private timeကို ယူထားတာ.. အထဲမှာ ကိုယ်တို့နှစ်ယောက်ရယ်.. တာဝန်ခံတွေရယ်.. ဝန်ထမ်းတွေရယ်ပဲ ရှိတာ..”

“ဆရာ.. ဒီကိုဘာလာလုပ်တာလဲဟင်.. ဒီနေရာက ခွေးလေးတွေ စောင့်ရှောက်တဲ့ ဂေဟာမလား.. အင်တာနက်မှာဖတ်ဖူးတယ်.. အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ခွေးလေးတွေလေ..”

ကျွန်တော့်ခေါင်းကို ဖွဖွကလေး လှမ်းပုတ်တဲ့ သူ။

“အင်း.. ကိုယ်တို့ခွေးလေးတစ်ကောင်မွေးမလို့လေ..”

သူက ပြုံးပြီးပျော်ရင်း ကားပေါ်ကနေ အရင်ဆင်းသွားသည်။ ကားပေါ်မှာ တောင့်‌ခဲပြီး ကျန်နေခဲ့တာက ကျွန်တော်။

အဲဒီလူက ခွေးချစ်တတ်ပေမယ့် ခွေးမျိုးတာမျိုးကိုတော့ သိပ်သဘောကျတဲ့လူမဟုတ်။ TaeHyung က ခွေးသိပ်မွေးချင်တာ တော်တော်ကလေးကို ကြာနေခဲ့ပြီ ဖြစ်သည်။

အခုသူ့စကားကြောင့် အံ့လည်း‌ဩ.. ပျော်လည်းပျော်နေမိသည်။

ကားပေါ်ကနေ ဆင်းလာတဲ့ နေကြာ့ခြေလှမ်းတွေက တက်တက်ကြွကြွ။

သူ့ရဲ့မိသားစုအိပ်မက်ကလေးမှာ ခွေးလေးမွေးဖို့ပါတာကို JungKook သိသည်မို့ ကလေးကိစ္စကြောင့်လည်း ဝမ်းနည်းနေတဲ့ နေကြာ့အတွက် သူသိပ်ချစ်တဲ့ အိမ်မွေးခွေးလေး အစားထိုးပေးတာပင်။

“နေကြာ.. ခွေးသေးသေးလေး လိုချင်တာ မဟုတ်လား.. ကိုယ်လာခံ‌နီးက ဒီက တာဝန်ခံနဲ့စကားပြောနေတာ.. ကိုယ်တို့အချိန်ကုန်သက်သာအောင် သူတို့က ခွေးသေးသေးလေးတွေ စုထားပေးတယ်..”

ကျွန်တော့်စကားကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း ကလေးလေးတစ်ယောက်လိုမျိုး အော်ဟစ်ပျော်ပါးနေတဲ့ နေကြာ..။

Still With Coffee (Complete)Where stories live. Discover now