[Part-2]

5.2K 491 66
                                    

သာမန်နေ့တွေမှာလည်း မနက်အိပ်ရာအတူထပြီး မနက်စာအတူစားကြရင်း အိမ်က‌နေအလုပ်ကိုအတူတူသွားကြတာဆိုပေမယ့် ကိုယ့်ကားနဲ့ကိုယ် သပ်သပ်စီ တစ်ယောက်တစ်လမ်းသွားကြတာမို့ ဒီနေ့လိုမျိုး အဲဒီလူ အလုပ်စောစောသွားတဲ့နေ့ရက်မျိုးက တစ်ယောက်တည်း အိမ်ကနေ ထွက်လာရတာကလွဲရင် သိပ်ပြီး ကွာခြားတာမျိုး မရှိပေ။

အလုပ်ဖိုင်လ်တွေကို သေချာပြန်စီစစ်ပြီး ကားပေါ်ကနေ ဆင်းလာတော့ ဝင်ပေါက်မှာ အသင့်စောင့်နေတဲ့ Rae..

အလုပ်အိတ်နဲ့ ဖိုင်လ်တွဲတွေကို ဆွဲယူသွားပြီး အရှေ့ကနေ ခပ်မြန်မြန်တက်သွားသည်။

မနက်ပိုင်း Meeting တစ်ခုရှိလို့ သူ(မ)က လောနေတော့တာ။

Daisy မရှိတဲ့နောက် အဲဒီလူရဲ့ အတွင်းရေးမှူးအရင်းအချာ Raeရှိလာသည်မို့ အများကြီးမပင်ပန်းပေမယ့် Daisy လောက်တော့ TaeHyung စိတ်တိုင်းမကျခဲ့။

Raeက အနည်းငယ် ရှပ်ပြာရှပ်ပြာနိုင်သည်။ Daisy ထပ်ပိုထက်မြက်ပြီး ရင့်ကျက်တည်ငြိမ်ပေမယ့် အလုပ်လုပ်ရင် အလောအရမ်းကြီးပြီး အလျင်လိုတတ်တာမို့ အလုပ်နဲ့ ပတ်သက်ရင် သံသယများပြီး အစိုးရိမ်ပိုတဲ့ကျွန်တော်က သူ(မ)လုပ်ထားတဲ့အလုပ်တွေ ဘယ်လောက်ပဲတိကျနေပါစေ.. နောက်တစ်ခေါက် ပြန်စစ်ရသည်။

အဲဒါတစ်ခုကတော့ အလုပ်များလွန်းတဲ့ သူ့အတွက် တစ်စက်မှ အဆင်မပြေခဲ့တာ။

“Rae.. Daisy ကို Email ပို့ထားတာ.. သူ ငါ့ကို အကြောင်းမပြန်သေးဘူး၊ ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်ဦး..”

“ဟုတ်ကဲ့ CEO Kim..”

“သေချာရှင်းပြလိုက်ဦး.. အလောတကြီးမလုပ်နဲ့.. မင်းကို အမြဲတမ်းအဲဒါပဲ မှာနေရတော့တာ..”

ကျွန်တော်ပြောတော့ သူ(မ)က ခေါင်းကို ခပ်ဖွဖွကုပ်ရင်း ရယ်ကျဲကျဲလုပ်သည်။

“ဒါပေမယ့် ကျွန်မ လုပ်ထားတာတွေအကုန်လုံးက အဆင်ပြေပါတယ် CEOရယ်.. ဘယ်တော့မှ မလွဲခဲ့ဖူးပါဘူး”

“ပြေလည်းမရဘူး၊ လူဆိုတာ အမှားရှိတတ်တယ်၊ အလျင်လိုတာ.. ရှပ်ပြာရှပ်ပြာဖြစ်တာမျိုးဆိုရင် ပိုပြီး မှားတတ်တယ်၊ မင်းက မဖြစ်ဘူးသေးလို့ ရယ်နေနိုင်တာ Rae.. ဖြစ်ပြီးသွားမှ အော်.. ဒီလိုပါလား.. ဆိုရင် ‌သက်ပြင်းချနိုင်ရုံပဲတတ်နိုင်တော့မယ် သိလား..”

Still With Coffee (Complete)Where stories live. Discover now