[Part-16]

4.7K 485 121
                                    

ညနေခင်း ရုံးဆင်းချိန်မှာ ကျွန်တော့်ကို လာကြိုတဲ့ အဲဒီလူ။

ထုံးစံအတိုင်း ရုံးက ဒရိုက်ဘာကို ကျွန်တော်ရဲ့ကားအား အိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။

“နေကြာ.. ဒီမှာ ကော်ဖီ..၊ နေကြာ ကြိုက်တဲ့ဆိုင်က”

ခါးပတ်ပတ်နေတုန်း အဲဒီလူက အညိုရောင်စက္ကူအိတ်လေးအား ကျွန်တော့်ဆီကို ကမ်းပေးသည်။

“‌ဗိုက်ဆာနေတာနဲ့ အတော်ပဲ..၊ မုန့်တွေရော ပါလား ကိုကို”

စက္ကူအိတ်ကို ငုံ့ကြည့်နေရင်း နေကြာ့ရဲ့ ကလေး‌ဆန်ဆန်အပြုမူနဲ့ မြူးမြူးကြွကြွ အသံလေးကြောင့် JungKook က ခပ်တိုးတိုးလေးရယ်လိုက်မိသည်။

“ပါတာပေါ့၊ နေကြာ ကြိုက်တဲ့ Cake.. Cookie ကတော့ ကိုယ်ဒီနေ့ မဝယ်ခဲ့ဘူး”

နေကြာက Cookie ဆိုရင် ပါးစပ်က ဝါးရတာ ညောင်းလို့ဆိုပြီး တစ်စက်ကလေးမျှ သဘောမကျပေ။

JungKook ကတော့ ခရင်မ်များတဲ့ နေကြာကြိုက်တဲ့ Cakeတွေအစား အဲဒီ Cookie တွေကိုပဲ အမြဲတမ်းကျွေးနေကျ။

ပြီးရင် နေကြာက Cake ကို ခရင်မ်များလွန်းတယ်ဆိုပြီး ခရင်မ်တွေကို ပြန်ဖယ်ပြီး စားတတ်သေးသည်။ အဲဒီကလေးက အစားအသောက် သိပ်ဂျေးများလွန်းတော့တာ။

“အဲဒါကောင်းတာပေါ့၊ ကျွန်တော်က ကိုကို ကျွေးလို့သာ စားတာ.. ဘယ်လောက်တောင်မှ မကြိုက်လဲ သိလား”

Chocolate Cake ကို ပလုတ်ပလောင်းလေးဝါးစားနေရင်း နေကြာက ချစ်စဖွယ်ရေရွတ်သည်။

“ကိုယ် ကားမောင်းတော့မယ်နော်.. ဆေးရုံကို အရင်သွားမယ်မဟုတ်လား၊ ပြီးရင် မာမီ့ဆီမှာ ဟိုနှစ်‌ကောင်ကို ဝင်ခေါ်ပြီး အိမ်ပြန်မယ် မဟုတ်လား”

“ဟုတ်ကဲ့ ကိုကို”

“အင်း.. ကိုယ်ကားမောင်းပြီမို့လို့ ကော်ဖီသောက်မယ်ဆိုရင် ကိုယ့်ကိုယ်ပြော.. ကိုယ်အရှိန်နှေးပေးမယ်.. သိပ်မပူတော့ပေမယ့် ဖိတ်ကျကုန်ရင် နေကြာ မနေတတ်ဘူးမလား”

အဲဒီလူက သူ့ဘက်ကို ခေါင်းလေးစောင်းရင်း ပြောလိုက်တဲ့ အဲဒီစကားကြောင့် TaeHyung က ခပ်ပြုံးပြုံး။

Still With Coffee (Complete)Where stories live. Discover now