[Part-20]

7.9K 463 303
                                    

မနေ့က တွေ့ဆုံပွဲမှာ ဆူဟျော့က မျက်နှာမကောင်းတာမို့ ဆူဟျော့ရဲ့ လက်ထဲကို Finnရဲ့ လိပ်စာကဒ်ကို လက်ထဲ ထိုးထည့်ခဲ့ပြီး TaeHyung ပြန်လာခဲ့သည်။

ဆက်ဖြစ်လာမယ့်အရာတွေကို TaeHyung မသိသလို ဆူဟျော့ကလည်း ဘာဖြစ်ချင်လို့ ဖြစ်နေမှန်း မခန့်မှန်းနိုင်။

ဒါကြောင့်မို့ သူတို့နှစ်‌ယောက်ဇာတ်ကို သူတို့နှစ်ယောက်ကိုယ်တိုင်ပဲ ကသင့်သည်ဟု TaeHyung ထင်သည်။

ဒီနေ့ မနက်တော့ TaeHyung အရင် နိုး၏။ ဘေးနားက အဲဒီလူကို ငေးကြည့်လိုက်တော့ ကလေးလေးတစ်ယောက်လိုမျိုး အိပ်မောကျနေတော့တာရယ်။

မနေ့က သူပြန်လာတဲ့အထိ အဲဒီလူက မအိပ်သေးဘဲ Company အလုပ်တွေ လုပ်နေတုန်း။

ကျွန်တော့်ကိုသာ အလုပ်တွေဖိမလုပ်ဖို့ တားတတ်တာ။ အဲဒီလူကတော့ အလုပ်တွေကို မတရားဖိလုပ်တတ်သည်။

"ကိုကို.. ကျွန်တော်တို့ ကလေးတွေကို သွားပြန်ခေါ်ရဦးမယ်လေ.. ဒီနေ့ ကျွန်တော် ဟင်းချက်မယ်လို့ ပြောထားသေးတယ်မလား၊ ကိုကိုပဲ ကျွန်တော်ကို့ ကုန်တိုက်လိုက်ပို့ပေးမယ်ဆို.. နောက်ကျကုန်လိမ့်မယ် ကိုကို.."

အရင်တစ်ပတ်ကတည်းက သူ့ကို ပြောထားပေမယ့် ကလေးတွေ ကိစ္စတွေနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး လုံးပမ်းနေရတာမို့ ဟင်းချက်ကျွေးမယ့်ကိစ္စကို ဒီနေ့မှ အကောင်ထည်ဖော်နိုင်တော့တာ။

အဲဒီလူကို လက်လေးထောက်ပြီး ကြည့်ရင်း ပါးလေးကို လက်ညှိုးနဲ့ ဖြည်းဖြည်းကလေး အဆက်မပြတ်ထိုးကာ နှိုးတော့ အဲဒီလူက နိုးလာပေမယ့် မထသေးဘဲ ကျွန်တော့်လက်ကို ဖမ်းဆုပ်သည်။

မျက်လုံးတွေကို ဖွင့်လာပြီး သူ့ဘက်ကို အိပ်နေရင်းနဲ့ စောင်းငဲ့လာသည်။
"သာလိကာလေး မွေးထားမိတယ်ထင်တာ.. ကိုယ့်နေကြာလေးဖြစ်နေတာပဲ.."

"ကိုကို မနောက်နေနဲ့လို့.. ကလေးတွေကိုလည်း သွားခေါ်ရပါဦးမယ် ဆိုနေ.."

"မခေါ်ပါဘူး"

"ဟင်.. ဘာလို့.."

"အရင်တစ်ပတ်လုံးလုံး နေကြာ့အနားကို ကိုယ်တစ်စက်တောင်မှ မကပ်ရဘူးလေ.. ကလေးတွေကိစ္စဘဲ ကိုယ်တို့ လုပ်နေရတာ.. မိုးလင်းကနေ မိုးချုပ်၊ အရင်တစ်ပတ် ပိတ်ရက်တုန်းကလည်း ကလေးတွေနဲ့ဘဲ အချိန်ကုန်ရတာ.. ဒီတစ်ပတ် အခွင့်ရေးရတုန်းလေး.. ထယ်ဟွန်းနီးနဲ့ ယွန်းလေးကို တင်္နလာနေ့ ညနေမှ ပြန်သွားခေါ်မယ်"

Still With Coffee (Complete)Where stories live. Discover now