[Part-11]

8.4K 471 282
                                    

ကုတင်ပေါ်မှာ ‌ပျော့ခွေပြီး အိပ်ပျော်နေတဲ့ နေကြာ။ နေကြာ့ရဲ့ မနေ့ညက အဝတ်အစားတွေရော.. သူ့ရှပ်အင်္ကျီအနက်ရောင်ရော ကုတင်အောက်မှာ တစစီ။

နာရီကို ယူကြည့်လိုက်တော့ 8နာရီထိုးနေပြီဖြစ်သည်။

နေကြာက လွန်ခဲ့တဲ့ 3နာရီလောက်ကမှ အိပ်ပျော်သွားတာ။

ဘေးနားက အဝတ်အစားကင်းမဲ့နေဆဲ နေကြာ့ကို JungKook ခပ်ဖြေးဖြေးလေး လှည့်ကြည့်နေမိသည်။ တကယ်တော့ နေကြာ့တစ်ယောက်တည်းနဲ့ပဲ တည်မြဲတဲ့ သူ့ရဲ့ နူးညံ့မှုတွေက S!xကိစ္စမှာတော့ လိုက်ထိန်းမချုပ်နိုင်ခဲ့ပုံဘဲ.. ပင်ကိုယ်အမူအရာက ပြန်ထွက်လာတာ။

မနေ့ညက သူ့ပုံစံကို နေကြာ အများကြီးလန့်သွားမလား စိုးရိမ်မိပေမယ့် မနေ့ညက နေကြာက သေလောက်အောင်လှပြီး ဆွဲဆောင်မှုရှိနေတာကို သူကြမ်းတမ်းမိတာ အပြစ်တော့လည်း မဟုတ်။

ဒီနှစ်တွေထဲမှာ အဲဒီကိစ္စကပတ်သက်ပြီး နေကြာအဆင်သင့်မဖြစ်သေးလို့ ဘယ်တုန်းကမှ သူ့ဘက်က အဲဒီကိစ္စကို စကားလမ်းကြောင်းတောင် မ,စတင်ခဲ့။

မနေ့က နေကြာဘာစိတ်ကူးပေါက်လဲ မသိသော်လည်း နေကြာ့ရဲ့ ရှက်နေတဲ့ပုံစံနဲ့အဲဒီအမူရာတွေကို အခုထက်ထိ မျက်လုံးထဲက မထွက်သေးပေ။

ကိုကို ဆိုတဲ့ခေါ်သံကစလို့.. ကျွန်တော့်ကိုယ်ပေါ်မှာ ခုန်ပေါက်နေတဲ့ နေကြာ့ရဲ့ပုံစံအထိ အကုန်လုံးက ရူးချင်စရာ..။

နေကြာ့ရဲ့ ခန္ဓာကိုယ်အပေါ်ကို အလိုလိုရောက်သွားပြန်တဲ့လက်။

တစ်ဆက်တည်း အိပ်နေတဲ့နေကြာ့ရဲ့ နှုတ်ခမ်းကို စုပ်ယူပြီး နမ်း‌မိပြန်ပြီး ခန္ဓာကိုယ်ကို ပွတ်သပ်နေမိတဲ့ လက်ကိုလည်း အရှိန်မလျှော့နိုင်ခဲ့။

"အွင်း.."

မျက်လုံးတွေ မှိတ်ထားနေရင်းကနေ နေကြာက အသက်ရှူကျပ်လာဟန်.. သူ့ကို တွန်းထုတ်သည်။ နှုံးချိနေတဲ့ နေကြာက နိုးတော့ မနိုးလာပေ။

"ဟာ့.."

အသက်ကိုပြင်းပြင်းရှူပြီး ခေါင်းအုံးပေါ်မှာ ပြန်လှဲချလိုက်မိတဲ့သူ။

Still With Coffee (Complete)Where stories live. Discover now