[Part-23]

4.1K 413 92
                                    

“ယယ်တီ!”

မာမီတို့ခြံထဲမှာ ကားကိုရပ်လိုက်ပြီး ကားပေါ်က ဆင်းသည်နှင့် သူ့ခြေထောက်ကို ပြေးပြီး တန်းဖက်လာတဲ့ ထယ်ဟွန်း။

“လာပါဦး.. ‌ဒယ်ဒီ့သားလေးကို ဒယ်ဒီက လွမ်းနေခဲ့တာ.. ဘိုးဘိုး ဘွားဘွားတို့ဆီမှာရော ပျော်ရဲ့လား”

ခေါင်းတဆတ်ဆတ်ညိတ်တဲ့ သူ့လက်ထဲက ကလေးငယ်ဟာ ဒီအတောအတွင်း သူတို့မိသားစုနဲ့ အတော်လေး အသားကျလာကာ သူတို့ မိသားစုအတွက် ကျောက်မျက်ရတနာကဲ့သို့ပင် အဖိုးတန်နေပြီ ဖြစ်သည်။

အကြီးဖြစ်သည့်အလျောက် ယောင်္ကျားလေးလည်း ဖြစ်သည်မို့ ဒယ်ဒီကိုယ်တိုင်က သိပ်ချစ်၍လည်း အလိုလိုက်သည်။

မာမီနဲ့ မားမားကတော့ သမီးမရှိခဲ့သည့်အတွက် ထယ်ယွန်းလေးကို အချစ်ပိုသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ထယ်ဟွန်းရော.. ထယ်ယွန်းရော ဟာ သူတို့အတွက်တော့ အဖိုးမဖြတ်နိုင်သည့် ကလေးများ ဖြစ်နေပြီ ဖြစ်၏။

“ထယ်ယွန်း က အများကြီး ဆော့နေသေးလား.. အန်တီ..”

ရယ်ကျဲကျဲ နဲ့ နေကြာရယ်..။

ထယ်ယွန်းက ငယ်ငယ်လေးကတည်းက သွက် သည်။ သူများ ကလေးပေါက်စတွေလို ငိုယိုတာမျိုမရှိဘဲ အဆော့လည်း သန်သည်။ လူကြီးတွေကို ဘယ်လိုချွဲရမလဲ လည်း နားလည်၏။

“ဆော့တော့ဆော့တာပေါ့ TaeHyungie.. သူ သောင်းကျန်းလည်း အန်တီက အဲဒီသောင်းကျန်းတာလေးကိုပဲ ချစ်နေရတာ”

မာမီက ပြုံးရင်းပြန်ဖြေတော့ နေကြာက..
“ပင်ပန်းစေခဲ့မိပါပြီ..”

“အော် မဟုတ်တာ သားလေးရယ်.. နောက်လည်း မင်းတို့အလုပ်တွေ ရှုပ်နေရင် က‌လေးတွေကို ဒီကိုဖြစ်ဖြစ်.. မင်းရဲ့ မားမားဆီဖြစ်ဖြစ် သွားပို့ ဟုတ်ပြီလား”

“ကျေးဇူးတင်ပါတယ် အန်တီ”

ထယ်ယွန်းကို ချီထားရင်း ကိုယ်ကို ကိုင်းညွှန့်ကာ မာမီ့ကို အရိုသေပြုတဲ့ နေကြာ။

“ဒယ်ဒီက အပြင်သွားတာလား မာမီ..”

“အေး ဟုတ်တယ် သား..၊ Golf သွားရိုက်တာလေ.. သူ့မိတ်ဆွေတွေနဲ့”

Still With Coffee (Complete)Where stories live. Discover now