"မိုးရွာနေတယ်လေ နေကြာရယ်..၊ မှန်ပြန်တင်ပါကွာ.."
ဘေးဘက်က အသံကို ကြားသော်လည်း TaeHyung မသိကျိုးကျွံပြု၍ ထိုလူ့စကားအား လျစ်လျူရှုလိုက်မိသည်။
ဒီနှစ်တွေ၌ TaeHyungက အဲဒီလူအား သိပ်ဂဂျီဂဂျောင်ကျချင်နေခဲ့တာဖြစ်သည်။ အခုလည်း ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ သူဟာ ဒီလူကို ရစ်စိန်ကလေးလုပ်မိခဲ့ပြန်သည်။
ကားပေါ်နေရင်း သက်ပြင်းကလေးချကာ လက်တစ်ဖက်က ထုံးစံအတိုင်း သူ့လက်ကလေးကို လာဆုပ်ကိုင်သည်။
"အရေးကြီးတဲ့ ခွဲစိတ်မှုအောင်မြင်သွားလို့ လူနာရှင်တွေက ကျေးဇူးတင်ကြောင်းတွေပြောနေလို့ ကိုယ်နေ့လည်ထမင်းစားချိန်ကို မင်းဆီမလာဖြစ်ခဲ့တာပါကွာ..၊ တကယ်ကို ကိုယ်က မပြောင်းလဲပါဘူး နေကြာရဲ့.."
သူ့စကားကြောင့် အရည်ပျော်ကျရပြန်တဲ့ TaeHyungက ပြုံးချင်နေတဲ့နှုတ်ခမ်းပါးအား တင်းတင်းစိရင်း မျက်နှာလွှဲမိပြန်သည်။
"တော်ပါ ဆရာ..၊ ဆရာက တကယ်ပြောင်းလဲသွားတာပါ၊ လက်ထပ်ပြီးတော့ ကျွန်တော့်ဆီကို အချိန်မှန်ရောက်လာနေကျ အချိန်ကလေးတောင်ရောက်မလာတော့ဘူး..ဟွန်း.."
ရယ်သံတိုးတိုးကလေးက နားထဲသို့ ငြိမ့်ညောင်းစွာ ပျော်ဝင်လာခဲ့သည်။
သူက ကျွန်တော့်လက်ကိုပိုမိုဆုပ်ကိုင်ရင်း..
"ကိုယ့်ကိုရစ်ချင်ရင်လည်း အရစ်ခံပါ့မယ် နေကြာရယ်..၊ သည်လိုကြီးတော့ စိတ်ကောက်ချင်ယောင်ဆောင်ရင်း မျက်နှာလွှဲမထားပါနဲ့..၊ မင်းမျက်နှာကလေး ကိုယ်တစ်နေလုံး ဘယ်လောက်တောင်မှ လွမ်းခဲ့ရတယ်ထင်လို့လဲ ကိုယ့်နေကြာငယ်..""အာ.. ခင်ဗျားရယ်.."
မျက်နှာကို လက်ဖြင့်အုပ်ရင်း အရှက်သည်းကာ မျက်နှာလွှဲသွားသည့် ကျွန်တော့်နေကြာရယ်။
မီးပွိုင့်ကြောင့်ကားကို ရပ်လိုက်ရသည်နှင့်ဆုံတော့ သူ့ပါးကလေးကိုလက်နဲ့ခပ်ဖွဖွတို့ထိလိုက်မိသည်။
"မင်းကိုတော့သိပ်အသည်းယားမိတော့တာပဲ နေကြာရယ်.."
"တော်ပါတော့ ဆရာ..၊ ကျွန်တော့်ကိုထပ်ပြီး ရှက်အောင်မလုပ်ပါနဲ့တော့၊ ကျွန်တော်မနေတတ်တော့ဘူးလေ"
YOU ARE READING
Still With Coffee (Complete)
FanfictionSeason 2 Of Bitter Coffee In My Heart Jeon JungKook X Kim TaeHyung ✓21122022-1032023✓ |LivoniaKim|