[Part-17]

7.4K 510 179
                                    

ခြေရင်းမှာမြင်နေရတဲ့ မှန်ပြတင်းပေါက်ကြီးကနေ ကောင်းကင်တစ်ခုလုံး မိုးတွေအုံ့မှိုင်းနေသည်။

မကြာခင်မှာ မိုးတွေရွာကျတော့မလိုမျိုးပုံစံနဲ့။

ဘေးနားကို ကြည့်လိုက်တော့ အဲဒီလူ မရှိတော့ပေ။ ထုံးစံအတိုင်း မီးဖိုချောင်မှာဖြစ်လိမ့်မည် ထင်သည်။

အိပ်ရာကနေ ထရပ်လိုက်မိတဲ့ သူ။

ခံစားချက်က နည်းနည်းမှမကောင်းပေ။ စိတ်ခံစားချက်တွေအကုန်လုံးက ထိုင်းမှိုင်းနေခဲ့တော့တာ။

မနေ့ညက အဲဒီလူက ကြိုရှင်းပြခဲ့ရင် TaeHyung လည်း သေချာပေါက်နားလည်မှာဆိုပေမယ့် ‌မဆင်မခြင်စကားပြောလိုက်မိတာက သူ။

ပြန်တွေးမိတိုင်း မျက်နှာပူနေမိတုန်းပင်။ ကျွန်တော်က အရင်တစ်ခေါက်က‌ထက်တောင်မှ ပိုပြီး ရိုင်းပြလိုက်မိတာ။ သူ့မိသားစု၊ သူ့ဒယ်ဒီ၊ နဲ့ နောက်ဆုံး.. အဆုံးထိ အဲဒီလူကိုယ်တိုင်အထိပါ TaeHyung က ရိုင်းလိုက်မိတာဖြစ်သည်။

သူက ကျွန်တော့်ကို ဒီလောက်အထိ ချစ်ပေးခဲ့တာတောင်မှ ကျွန်တော့်မိသားစုနဲ့ ကျွန်တော်နဲ့ ဝေးပါတယ်ဆိုတဲ့ ဆွေမျိုးတွေအထိ အဲဒီလူက မေတ္တာထားပေးခဲ့တာကို။

သက်ပြင်းတွေဆက်တိုက်ချနေမိတဲ့ သူ။ ပြန်စဉ်းစားတိုင်း မျက်ရည်က ဝဲတက်လာသည်။

အသံတုန်တုန်ရီရီနဲ့ ပြောသွားတဲ့ အဲဒီလူရဲ့ စကားတွေကိုလည်း နားထဲကနေ မထွက်ပေ။

အခန်းထဲကနေ ထွက်လာမိတဲ့သူ။

ဝုတ်.. ဝုတ်..

အခန်းထဲကနေ ထွက်လာတာနဲ့ ကျွန်တော့်ဆီကို ပြေးလာတဲ့ YeonTan..

အခန်းရှေ့မှာ တင်ပျဉ်ခွေထိုင်ချလိုက်မိတဲ့ သူ။

YeonTan က ရင်ခွင်ထဲကို ဝင်လာသည်။ ထို့နောက် ပါးတွေ.. နားတွေကို လျှာနဲ့ လိုက်ယက်တာမို့ အသည်းတယားဖြင့် ရယ်မောနေမိတဲ့ သူ။

"အဟား.. မင်းက ငါ့ကို လွမ်းနေတာပေါ့.. အဟွန်း.. တစ်ညထဲ မင်းကို အပြင်မှာ ထုတ်အိပ်မိတာပါကွာ.. ချစ်စရာလေးပဲ Kim YeonTan"

YeonTan ပါးကို လက်နှစ်ဖက်နဲ့ ဆွဲညစ်နေမိတဲ့ သူ။ YeonTan နှာခေါင်းထိပ်ကို ကျွန်တော့်ရဲ့ နှာခေါင်းထိပ်နဲ့ တို့ထိနေမိသည်။

Still With Coffee (Complete)Where stories live. Discover now