“Va..Vance”
TaeHyung ခပ်တိုးတိုးကလေး ရေရွတ်လိုက်မိသည်။ပြန်ပြုံးပြနေတဲ့ လူ။
“ကိုယ်မင်းနဲ့ ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ V.. ဒီကို ဘယ်လိုဖြစ်လို့ရောက်လာတာလဲ.. မဟုတ်မှ Fashion Showကို ကိုယ်တိုင်လာဝာာလား..”
Vance က အများကြီး ဝမ်းသာနေတဲ့ပုံ။ TaeHyung က Vance ကိုလည်း ခပ်ဖွဖွပြန်ပြုံးပြမိရင်း သူ့အရှေ့မှာထိုင်နေတဲ့ အဲဒီလူကြောင့် အနည်းငယ် မသက်မသာတော့ဖြစ်ရသည်။
အဲဒီလူက Vance ကို နည်းနည်းလေးမှ အမြင်ကြည်ခဲ့သည်မဟုတ်။
“အာ.. ဟုတ်တယ်.. ကျွန်တော် ဒီမှာ Fashion Showရှိလို့ပါ၊ ခင်ဗျားရော ဒီကို ဘယ်လို..”
“ကိုယ်က လေလံပွဲတစ်ခုကိုလာတာ၊ ကိုယ် အစ,က ကိုယ့်အတွင်းရေးမှူးနဲ့ လွှတ်ထားလိုက်မလို့ဘဲ၊ ကိုယ်လည်း ဟိုမှာအလုပ်များတယ်လေ၊ ဒါပေမယ့် ကိုယ် ဒီကိုလာတာ တကယ်ကို မှန်သွားပြီ၊ Vနဲ့ တွေ့ရလို့လေ”
Vance စကားကြောင့် ယဉ်ကျေးမှုအရ ပြန်ပြုံးပြလိုက်မိတဲ့ TaeHyung..
“အော်.. ဒါနဲ့ မတ်တပ်ကြီးဖြစ်နေတာ.. ထိုင်ရင်.. ထိုင်လေ”
အလည်ခုံကို အနည်းငယ်ဆွဲယူပေးလိုက်ပြီး အရှေ့က အဲဒီလူကိုလည်း မျက်နှာရိပ်မျက်နှာကဲ ကြည့်ရသေး၏။ စားပွဲကို လက်ညှိုးနဲ့ တတောက်တောက်ခေါက်ရင်း အဲဒီလူက ကျွန်တော့်ကို ဒီအတိုင်းသာ ကြည့်သည်။
“ကိုယ် အချိန်နည်းနည်းရတော့ ထိုင်လိုက်မယ်နော်”
ကျွန်တော် ဆွဲယူပေးတဲ့ ထိုင်ခုံမှာ ထိုင်တဲ့ Vance..
လုပ်ငန်းပါတနာ ဖြစ်နေဆဲ လူတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့အတွက်ကလည်းTaeHyung အနေနဲ့ နည်းနည်းမျှ အဆင်မပြေ။
“တစ်ခုခု မှာရင်မှာလေ Vance..”
“ကိုယ် စားခဲ့ပြီးပါပြီ”
မျက်စိရှေ့က ပြုံးပြနေတဲ့ အဲဒီကောင်လေးကို Vance ငေးကြည့်နေမိရင်း အကြိမ်ကြိမ်အခါခါငေးကြည့်နေမိသည်။
Vance အတွက်တော့ Vက ဘယ်တုန်းကမှ နှလုံးသားထဲကနေ ထုတ်၍မရခဲ့တဲ့ တစ်ဦးတည်းသော သက်ရှိကလေးဖြစ်သည်။
YOU ARE READING
Still With Coffee (Complete)
FanfictionSeason 2 Of Bitter Coffee In My Heart Jeon JungKook X Kim TaeHyung ✓21122022-1032023✓ |LivoniaKim|