[Part-7]

4K 394 121
                                    

အနည်းငယ်ပြောင်းလဲသွားပြီဖြစ်တဲ့ ဆိုးလ်မြို့ရဲ့ အနေအထားတစ်ချို့ကို ကားမှန်ကနေတစ်ဆင့်ကြည့်နေမိရင်း သူ(မ) အနည်းငယ် ပြုံးယောင်သမ်းမိသည်။

ဘယ်လောက်ပဲ ကောင်းမွန်ပါတယ် ဆိုတဲ့ အနောက်နိုင်ငံတွေမှာ သူ(မ) နေခဲ့.. နေခဲ့.. သူ(မ)ချစ်တဲ့ လူတစ်‌ယောက်ရှိနေတယ် ဆိုတဲ့ အသိတစ်ခုကြောင့် ဆိုးလ်မြို့ကြီးကနေ သူ(မ)ရဲ့ နှလုံးသားကို မစွန့်ခွာနိုင်ခဲ့။

သက်ပြင်းခပ်တိုးတိုးချလိုက်ပြီး လွန်ခဲ့တဲ့နှစ်တွေကအကြောင်းကို ပြန်တွေးမိပြီး တင်းတင်းဆုပ်ထားမိပြန်တဲ့ လက်။

ရည်မှန်းချက်ကို စွန့်လွှတ်ပြီး လူတစ်ယောက်တည်းကိုပဲ သူ(မ) ရွေးချယ်ခဲ့တာ။

ဟိုးငယ်ငယ်လေးကတည်းကနေ အဲဒီလူတစ်ယောက်တည်းရဲ့မျက်နှာကိုပဲ သူ(မ)ကြည့်ပြီး ရှင်သန်နေထိုင်လာခဲ့တာ။

သူ(မ) စွန့်လွှတ်ခဲ့ရတဲ့ ရည်မှန်းချက်၊ သူ(မ) မြှပ်နှံခဲ့ရတဲ့အချိန်တွေ.. သူ(မ)ထိန်းသိမ်းခဲ့တဲ့ သိက္ခာတရား.. သူ(မ) ပေးဆပ်ခဲ့ရတဲ့ အချစ်တွေ။

ဒီအရာတွေအတွက် သူ(မ)ပြန်ရခဲ့တာက သူ(မ)ချစ်ရတဲ့သူတစ်ယောက်မဟုတ်ဘဲ အရှက်တရားနဲ့ ရှောင်ပြေးရ‌ခြင်းတွေသာ ဖြစ်ခဲ့သည်။

ဆယ်ကျော်သက်အရွယ်က မရင့်ကျက်ခဲ့ရခြင်းတွေ.. အသက်နှစ်ဆယ်ကျော်အရွယ်က မဖွံ့ဖြိုးခဲ့သေးတဲ့ အသိဉာဏ်တွေ။

အခု အသက်သုံးဆယ်ကျော် သူ(မ)မှာ ကောင်းမွန်တဲ့ ဉာဏ်တစ်စုံရော.. ဘယ်သူကို ဘယ်လိုမျိုးအလဲထိုးရင်း ဘယ်လိုပုံစံမျိုးနဲ့ ပြုတ်ကျသွားမလဲ.. ယိုင်နဲ့သွားမလဲ.. ဆိုတာတွေကိုရော သူ(မ) အလုံးစုံသိနားလည်နေခဲ့ပြီဖြစ်သည်။

ယောင်္ကျားလေးနှစ်ယောက်အတူတူ ရှင်သန်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခုကို မိန်းမတစ်ယောက်ဖြစ်တဲ့ သူ(မ)အနေနဲ့ ဖြိုချဖျက်ဆီးပစ်ဖို့က ခဲယဉ်းတဲ့ ကိစ္စတော့မဟုတ်။

သူ(မ) ပူလောင်ခဲ့ရသလိုမျိုး ပြန်ပူလောင်သင့်တာ။ သူ(မ) ခံစားခဲ့ရသလိုမျိုး ပြန်ခံစားရသင့်တာ။

နောက်ပြီး သူ(မ)ဆုံးရှုံးသလိုမျိုး အဲဒီ Kim TaeHyung လည်း ပြန်ဆုံးရှုံးသင့်တာ။

Still With Coffee (Complete)Where stories live. Discover now