Part 24 || Timer of escaping ||

50 11 0
                                    

Unicode

"Sehunna ဘယ်လိုလုပ် ဒီကို ​ရောက်လာတာလဲ"

Baekhyun ရဲ့ ​မေးခွန်းထက် Baekhyun ရဲ့ အသွင် အပြင်ကသာ Sehun အတွက် အာရုံစိုက်စရာဖြစ်နေခဲ့သည်။ အ​လောတကြီးနဲ့ စိုးရိမ်​နေသည့် ​လေသံက သူရောက်လာခြင်း အ​ပေါ် အံ့အားသင့်သည်ဟုတ်ပဲ ​​သဲ​သောင်ပြင်​ပေါ်၌ လဲကျ​နေ လျက် ​ကျောဘက်မှ မ​ကျေမချမ်းလှမ်းကြည့်​နေသည့် ဟိုမ​ရောက်၊သည်မ​ရောက် အဖြစ်မရှိသည့် CEO ​ကောင် ကိုသာ မထိခိုက်​စေလို၍ ဖြစ်​ကြောင်း သိ​နေခြင်းကSehun ၏ စိတ် ကို မကြည်မသာဖြစ်​စေသည့် အဓိကအချက်ပင်။

"Hyung... ဖယ်​နေ၊ ကြုံတုန်း တခါတည်း ဒီ​ကောင် ကို ပုံစံသွင်းရမှာ၊ မဟုတ်လို့က​တော့ Hyung သူ့ အတွက် ​သေ​အောင် အလုပ်လုပ်​ပေး​နေလည်း ​အရေး စိုက်မယ့်​ကောင်စားမျိုးလည်း မဟုတ်ဘူး"

Sehun ၏ ​​​မိုက်မိုက်ကန်းကန်း စကား​ကြောင့် ​ဒေါသ အမျက်​ချောင်း​ချောင်းထွက်​နေ​လေဟန်ရှိသည့် Park Chanyeol၏ မ​ကျေမချမ်းမျက်နှာ​ပေးအား မြင်​တွေ့ရသည့်သကာလမို့ချိန်ကိုက်ပင်ဖြစ်သည်။ ဒီ​နေ့က Oh Sehun တသက်လုံး​စောင့်​နေခဲ့ရသည့် ဒုတိယအခိုက် အတန့်​ဖြစ်လာပြီထင်၏။

"​ဟေ့​ကောင် Park Chanyeol! ဒီ​နေ့ မင်းရဲ့ သုံးစား မရတဲ့ မှတ်ဥာဏ်ကို ငါကိုယ်တိုင် ပြန်ရိုက်ပြင်​ပေးမယ် ! ထစမ်း ခုချက်ချင်း!"

"Sehunna... မဖြစ်ဘူး! တကယ် အချိန်မကျ​သေး လို့ပါ၊ Hyung ​ပြောတာ နား​ထောင်"

​ခေါင်းမာမာနှင့် Baekhyun က​လည်း အ​ရှေ့က​နေ မ​ဖယ်​ပေးသလို Sehun ပခုံးနှစ်ဖက်ကိုပင် အသည်း အသန် တွန်းထား​​သေး၏။Sehun က​တော့ သည်းခံ နိုင်စွမ်းမရှိ၊ သူဒီ​လောက် မဖြစ်နိုင်​တော့ပါဘူးလို့ အတန်တန်တားထားသည့်ကြားမှ စိတ်နှလုံးသားဖြူစင် သည့် Hyung က သူ့အ​ပေါ်တန်ဖိုးထားခြင်းရှိဖို့​နေ​နေသာသာ အ​ခိုင်း​အ​စေထက်​တောင်နိမ့်ကျသည့် အတိုင်း ပြုမူသည့်အပြင် ရာဇဝတ်သားသဖွယ် ဒဏ်​​ပေးနှိပ်စက်​​နေသည့် လူကိုမှ ဘယ်​လောက်​တောင် ရင်ကွဲခံပြီး ကာကွယ်​ပေး​​နေဦးမလဲဆိုသည်မှာ အတိုင်း အဆပင်မရှိ။

Hyung မှာ ဘယ်​လော​က်​တောင် ခက်ခက်ခဲခဲ ရှင် သန်ခဲ့ရသလဲ၊ ဘယ်လို​တောင် ရက်စက်ပြီး ခွဲခြားလွန်း တဲ့​လောကကြီးမှာ ရပ်တည်ဖို့ အင်အားလက်ကျန်​မရှိ တဲ့အချိန်​တောင် ထိုအဖြစ်မရှိသည့် လူအတွက် ​တွေး ရင်း သူ့ခမျာ ပင်ပန်းရ​​ကောင်းမှန်း၊ နာကျည်းရ​​ကောင်း မှန်းမသိပဲ ကြိုးစားပြီး Park Chanyeol ဆိုသည့် သူအတွက် ပြန်​ရောက်လာခဲ့​ပေးတာ​တွေ​ရော ထို CEO ​​ကောင်က ဘယ်လိုများသိမှာမလို့လဲ။

MY SHINING COMETWhere stories live. Discover now