Part 15 ||Clues of Obstacles ||

172 33 0
                                    

Zawgyi

ခမ်းနားလှသည့် အနောက်တိုင်းစတိုင် အိမ်ဟောင်းကြီး၌ သစ်လွင်သော အခင်းအကျင်းတို့ဖြင့် ပြပွဲတစ်ခုစီစဉ်ထားလျက်ရှိသည်။အဖြူရောင်မီးဆိုင်းများ၊ သစ်သားရောင် ပါကေးအထက်၌ အနီရောင် ကောဇော၊ ကြက်သွေးရောင် ခန်းစီးများနှင့် တခမ်းတနားရှိလှသော အိမ်ကြီးမှာ သက်တမ်းကြာမြင့်သည့်တိုင် တောက်ပနေစဲ။

ဤအိမ်သည် လွန်ခဲ့သော နှစ်ပေါင်း၉၀ခန့်က မြို့တော်ဝန်ဟောင်းမိသားစု အစဉ်အဆက်နေလာခဲ့သော ဂုဏ်ဒြပ်ကြီးသည့် နေရာတစ်ခုဖြစ်ခဲ့သော်လည်း ယခုမူလူများစွာ ဝင်ထွက်သွားလာနေသော ပန်းချီပြခန်းတစ်ခု ဖြစ်နေချေသည်။

ကမ္ဘာကျော် ပန်းချီလက်ရာအစစ် မျိုးစုံကို တောင်ကိုရီးယားသမ္မတနိုင်ငံတွင် ရရှိနိုင်သော တစ်ခုတည်းသော နေရာဖြစ်သောကြောင့် လာရောက်ကြည့်ရှုသူများသည်လည်း အထက်တန်းလွှာများနှင့် အာဏာပိုင်များသာ အများဆုံးဖြစ်သည်။

"လူကြီးမင်းရဲ့ ခွင့်ပြုကဒ် ပြပေးပါရှင်"

ခန်းမအတွင်းသို့ မဝင်မှီ Security ကောင်တာမှ အမျိုးသမီးတောင်းသော Diamond Ticket ကို Luhan
ထုတ်ပေးလိုက်သည်။

"လူကြီးမင်းက VVIP ဖြစ်လို့ ညာဖက်အခြမ်းက ရွှေရောင်လှေကားကနေ တက်သွားပြီးရင် ပထမဆုံးပြခန်းကို အရင်ဝင်ရောက်ပေးပါရှင့်"

Luhan လည်း ခေါင်းတချက်ငြိမ့်လိုက်ပြီး ခန်းမတွင်းသို့ ရောက်တော့ ဘယ်ညာတစ်ဖက်စီ၌ မတူညီတဲ့အရောင်ရှိတဲ့ လှေကား၂ခုကိုတွေ့ရသည်။သူတို့ပြောသည့်အတိုင်း ရွှေရောင်လှေကားအတိုင်းသွားပြီးနောက်
ပထမဆုံး အခန်းသို့ဝင်လိုက်သည်။

အနီရောင်၊ အနက်ရောင်နှင့် ရွှေရောင် များကို အသုံးပြုပြီး ရေးဆွဲထားသော ဂျိုဆောင်မင်းဆက်နှင့် တန်မင်းဆက်သက္ကရာဇ်များပါသော ရှုခင်းများ၊ အသုံးအဆောင်များနှင့် တောရိုင်းတိရစ္ဆာန်များ၏ ပန်းချီကားချပ်များကို မတူသော ရှုထောင့်များအတိုင်း ချိတ်ဆွဲပြသထားသည်ကို Luhan တွေ့သည်။

"ကြိုဆိုပါတယ် လူကြီးမင်း တော်ဝင်ဆန်တဲ့ ပန်းချီကား ကို စိတ်ပါဝင်စားရင်တော့ ရွှေရောင်ကို ရွေးသင့်ပြီး သစ္စာရှိမှုကို ပေါ်လွင်စေချင်တော့အနီရောင်က လိုက်ဖက်လှတယ်။ ပါဟေဠိဆန်တဲ့ လျှို့ဝှက်မှုတွေအတွက် အနက်ရောင်က အဓိကပါပဲရှင်"

MY SHINING COMETWhere stories live. Discover now