Part 5 || Painful Memories went away ||

319 57 0
                                    

🌠🌠🌠🌠🌠

"Chanyeol ah Hyung မင်းကို စိတ်ချမယ် ကလေး
ကို ငါတို့၂ယောက်အစား သေချာစောင့်ရှောက်ပေးပါ။"

ပေါက်ကွဲသွားသော ဓာတ်ခွဲခန်း၏ အပျက်အစီးများ
ကြားမှ မီးလောင်နေသေးသည့်အတွက် မကြာခင်
ထပ်ပေါက်ကွဲဦးမည့် သဘောရှိသည်။

"Arrnyi!!!Hyung တို့သားကို ကိုယ့်ဘာသာ စောင့်
ရှောက်ရမှာပေါ့။ကျွန်တော်က ဘာလို့လဲ။"

"Park Chanyeol!!!!!"

နဖူးကနေသွေးတွေ တောက်လျှောက်စီးကျနေတဲ့
အမျိုးသမီးက ရှေ့က ကောင်လေးရဲ့ ပုခုံးကို
သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ကောင်လေးရဲ့ မျက်လုံး
ကို စေ့စေ့ကြည့်ပြီး ပြောသည်။ သူမရဲ့ မျက်လုံးတွေ
ကတော့ မျက်ရည်တွေ စီးကျလျက်။

"Noona...."

"အေး ဟုတ်တယ် နင့်အမ က ဘယ်လိုလူမျိုးလည်း
နင်ကောင်းကောင်းသိတယ်နော် မောင်လေး။
Park အိမ်ရော Kim အိမ်ကိုပါ ငါတတ်နိုင်တာထက်
ပိုပြီးအကောင်းဆုံး လုပ်ပေးခဲ့တယ်။ အခု နင့်တာဝန်
ဖြစ်သွားပြီ။ငါ့...ငါ့သားလေးကို လည်း နင်ပဲ ဂရုစိုက်
ပြီး သွန်သင်ပေးတော့။"

"Noona ကပါ ဘာဖြစ်နေတာလဲ ဗျာ။ ကျွန်တော်
၂ယောက်လုံးကို ရအောင်ကယ်မှာ။အားတင်းထား။
ကျွန်တော်တို့ ဒီက လွတ်အောင် အရင်စဉ်းစားကြမယ်
နော်။"

ရုတ်တရပ် Chanyeol ကိုယ်၌ လျှပ်စစ် safety belt
များက တုပ်နှောင်ပြီးနောက် အခန်းပြင်ပသို့ လွင့်ထွက်
သွားသည်။

ဓာတ်ခွဲခန်းအဆောက်အအုံလည်း မှန်အထပ်ထပ် ပိတ်
ပြီးနောက် ပြင်းအားကြီးမားသောပေါက်ကွဲမှု
ဖြစ်ပေါ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွား
သည်။

************************************

မနက် ၄နာရီအချိန် Tokyo မြို့

"Andwell!!!!!"

အိပ်မက်ဆိုးကြောင့် Chanyeol ကောက်ခနဲ ထထိုင်မိ
သည်။ လူတကိုယ်လုံးလည်း ချွေးများရွဲနစ်နေပြီး
အချိန်ကို လှမ်းကြည့်လိုက်တော့ မနက်အစောပိုင်းပဲ
ရှိသေးသည်။

မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်လိုက်ပြီးနောက်
သက်ပြင်းရှည်ကြီးကို ချကာ ကုတင်ပေါ်မှ ဆင်းလိုက်
သည်။နံဘေးရှိ ဖုန်းကို လှမ်းယူကာ နံပါတ်တစ်ခုကို
နှိပ်လိုက်သည်။

MY SHINING COMETWhere stories live. Discover now