Zawgyi
"ငါတို့ ကိုယ့်လမ်းကိုယ်လျှောက် ကြရအောင် Junmyeonie"
နွေရာသီမှာဆိုရင် အလှဆုံးပွင့်လန်းနေတတ်တဲ့ ကျောင်းနှင့် မနီးမဝေးက မေပယ်ပင်အောက်မှာ ၁နာရီကြာ ရင်ခုန်စွာနဲ့ မျှော်လင့်တကြီးစောင့်နေခဲ့ရတာ ဒီလို စကားကြားရဖို့အတွက် သာဆိုရင်Junmyeon ဘယ်တော့မှ ဒီနေရာကို လာခဲ့မှာမဟုတ်ဘူး။
ဒီနေ့ကျောင်းတက်ဖြစ်မှာလည်း မဟုတ်သလို မနက်အစောကြီးထပြီး ကြိုးစားပမ်းစား လုပ်လာတဲ့ ချောကလက်ကိတ်လေးကိုလည်း တယုတယထုပ်ပိုးလာမိမှာမဟုတ်ဘူး။
ပြီးတော့ တပတ်လုံး အိမ်ကနေ အဆူခံပြီး အသည်းအသန် ကိတ်သင်တန်းကိုလည်း တက်ခဲ့မှာမဟုတ်ဘူး အတန်းပျက်ခံပြီးတော့လေ။
နောက်ဆုံးတော့ ဒီလိုနေ့ရောက်လာမယ်မှန်း Junmyeon သိနေခဲ့ပေမယ့်လည်း ဒီလောက်စောလိမ့်မယ်တော့ မတွေးမိခဲ့တာ အမှန်ပင်။အကယ်၍များဆိုတဲ့ စိတ်ကလေးနဲ့ ခုထိ ရပ်တည်လာခဲ့တာတွေ ရေစုန်မြောရတော့မယ်။
ဟင့်အင်း၊ ဘာမှကို မဟုတ်တော့တာပါလေ။
ရင်ထဲက မဖော်ပြတတ်တဲ့ နာကျင်မှုခံစားချက်ကြောင့်အောင့်တက်လာတဲ့ နှလုံးသားတစ်စုံနဲ့အတူ ဝေဝါးလာတဲ့ အမြင်ကြောင့် မျက်လုံးကို ခပ်သွက်သွက် ပုတ်ခတ်လိုက်ပေမယ့် ရွှင်ပြတဲ့ အပြုံးတုတစ်စုံတော့လုပ်ဆောင်ခဲ့တယ်။ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ကိတ်မုန့်အိတ်ကလေးကတော့ အတော်လေးကြေနေလောက်ပြီထင်ပါရဲ့။
"Jaewon Hyung ပြောချင်တာ ဒါပဲမလား။ ဟက်!ဒါကိုပဲ အပင်ပန်းခံပြီး သက်သက်ချိန်းပြောရတယ်လို့လေ။ Hyung က တကယ်ပဲ ကလေးဆန်တယ်။"
"Junmyeon yah ငါလေ....."
"အင်း... ကျွန်တော်နားလည်တယ် Hyung။ ဒီရက်ပိုင်း Hyung စိတ်ညစ်ရလောက် ကျွန်တော် ကပ်နေလို့ဖြစ်မှာ။ မပူပါနဲ့ Hyung ရဲ့ ကျွန်တော်လေ အရင်လို
Hyung ကို စိတ်ညစ်အောင် မတောင်းဆိုတော့ပါဘူး။Hyung မကြိုက်တာတွေလည်း မလုပ်တော့ဘူးလေ။ ပြီးတော့....""Kim Junmyeon!"
ဘာမှ မဖြစ်သလိုနေပြီး စကားတွေတရစပ် အသည်းအသန်ပြောနေတဲ့ Junmyeon ပုံကြောင့်လားမသိ Hyung မျက်နှာပေါ်က အလိုမကျတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသလိုပါပဲ။
YOU ARE READING
MY SHINING COMET
Storie d'amore𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla