Part 25|| Always for the first time||

39 11 0
                                    

Unicode

ပင်လယ်ကမ်းခြေကို အဝေးကနေ လှလှပပ မြင်နေရသည့် အပန်းဖြေအိမ်တစ်ခုသို​့ Sehun နဲ့အတူ Luhan ပါရောက်နေသည်။ ဆင်စွယ်ရောင် လိုက်ကာခပ်ပါးပါးချထားသည့် မှန်အပြည့်ပြတင်းပေါက်နား၌ ရပ်လျက် Luhan အတွေးများနေ၏။ မကြာခဏဆိုသလို ကုန်သွားပြီ ဖြစ်သည့် ကော်ဖီခွက်အား စိုက်ကြည့်လိုက် အပြင်ဘက်သို့ ငေးလိုက်ဖြင့် မိနစ်အနည်းငယ်ကြာသည်အထိ ထိုအတိုင်းနေနေ၏။

"အဲ့လောက်တောင်ကြည့်ကောင်းလား ဘာမှ မရှိတော့တဲ့ ခွက်အလွတ်တစ်လုံးက"

Apron အနက်ရောင်ကို ချွတ်လိုက်ပြီး Sehun အင်္ကျီလက်ရှည်ကို လက်ဖျံအထိ ခေါက်တင်နေရင်း Luhan အနားသို့ ရောက်လာကာ Coffee ခွက်အခွံကို လက်ထဲမှ လုယူသွားသည်။ မှန်ဘောင်ကို မှီ၍ လက်ပိုက်လျက် Luhan မေးလိုက်၏။

"ထပ်ယူဦးမလားတောင် မမေးဘူးနော်"

Sehun ထိုခွက်အလွတ်ကို ဘေစင်ထဲ ထည့်ကာ ရေပိုက်မှ ရေဖွင့်ချလိုက်သည်။ ထို့နောက် Dish washer အား On ပြီး လက်သုတ်ပဝါအဖြူဖြင့် ရေသုတ်ရင်း ဆိုဖာခုံ၌ ထိုင်လိုက်၏။

"အသားကင်နဲ့ ခေါက်ဆွဲ အတွက် ဘာfeedback
မှ မကြားရပဲနဲ့ ကိုယ့်လက်ရာကို Han သဘောကျပါတော့မလားဆိုတာ ဘယ်လို သေချာပါ့မလဲ မသိတော့၊ ကိုယ်လည်း စဥ်းစားရတာပေါ့"

ရိသဲ့သဲ့ မျက်နှာပေးဖြင့် Luhan ကို စနောက်နိုင်ပုံအရ Sehun စိတ်အခြေအနေ ပြန်ကောင်းနေလောက်ပြီတော့ ယူဆရမည်။ Luhan လည်း တွေးတိုင်း ကိုယ့်ဘာသာကိုယ် ရယ်ရမလို၊ စိတ်ပျက်ရမလိုပင်။ အချိန်၅နှစ်ကြာ ဝေးကွာပြီးနှင့်သား လူ၂ယောက်ကြား အခုလို ဆက်ဆံရေးကို ဘယ်လို ခေါင်းစဥ်တပ်တာ အကောင်းဆုံး ဖြစ်လိမ့်မလဲဆိုတာ ဘယ်လိုတွေးတွေး အဓိပ္ပါယ်မရှိသလိုရယ်ပါ။

လွန်ခဲ့သည့် နှစ်တွေထဲ နှစ်ယောက်သား အတူရှိချိန်ကတည်းက ဘာမဆို Luhan လိုချင်တာမှန်သမျှ Sehun မချွင်းမချန် ဖြည့်ဆည်းပေးခဲ့သည်။စတွေ့ချိန်က အတူတူ မခွဲရှိပေးဖို့ ကတိကစလို့ နောက်ဆုံးအချိန် လမ်းခွဲလိုက်ကြသည်အထိ၊ Luhan စကားဆို Sehun နားထောင်ပေးခဲ့သည်ချည်းပင်။

You've reached the end of published parts.

⏰ Last updated: Oct 06 ⏰

Add this story to your Library to get notified about new parts!

MY SHINING COMETWhere stories live. Discover now