Part 3||First meeting with the comet||

458 65 7
                                    

🌠🌠🌠🌠🌠

"Mama'?"

ဟမ်! Junmyeon တယောက် ဘာပြီးရင် ဘာပြောမယ်
လို့ စဉ်းစားနေတုန်းမှာ တဖက်က စတွေ့တွေ့ချင်း
ပြောတဲ့စကားကြောင့် စက္ကန့် အနည်းငယ်ကြောင်အသွားတယ်။

"ဘာ.... ဘာ... ဘာပြောတာ?"

"Mama'!"

ဘုရားသခင်။ Junmyeon တကယ် ရူးတော့မလို
ဖြစ်သွားတယ်။ ဘယ်ကနေဘယ်လို ရောက်နေတဲ့သူ
မှန်းလဲမသိဘူး။ပြီးတော့ သူက ဥထဲဝင်နေတယ်။
အခုလည်း Junmyeon ကို ကြည့်ပြီး ပြောတဲ့စကားက
"Mama?" တဲ့။

တဆိတ်လောက်။ ကျပ်မပြည့်တဲ့သူတော့ မဟုတ်ဘူးမလား။ ဒီလောက်ချောမောခန့်ညားတဲ့သူက ဒီလိုဖြစ်
စရာအကြောင်းရှိပါ့မလား။

Junmyeon တယောက်တွေဝေနေတုန်းမှာပဲ ထိုသူက
မတ်တပ်ရပ်လာပြီး ရှေ့ကိုတိုးလာတဲ့အခါ နောက်ထပ်
မြင်ကွင်းကြောင့် ဖြူလွှလွှမျက်နှာလေးက ရဲခနဲ ဖြစ်ပြီး
ချက်ချင်းကျောခိုင်းလိုက်ရတယ်။

အကြောင်းကတော့....

"ဟေ့...ဟေ့လူ ခင်များ ဘယ်လိုကြီးနေနေတာလဲ။ရူး
နေတာလား။"

ဝင်းမွတ်နေသော အသားအရည်အပြင် ခန္ဓာကိုယ်မှာရှိသင့်ရှိအပ်တဲ့ အသားစိုင်တွေဖြင့် အပေါ်ပိုင်းဗလာကျင်းရုံ မြင်ကွင်းမှ မိမွေးတိုင်းဖမွေးတိုင်း ရူပကာအနေအထားဖြစ်နေသည်ကို မဆိုင်းမတွ သဘောပေါက်လိုက်
သည်ဟု ဦးနှောက်က လှုံ့ဆော်လိုက်သည်မို့ ယခု
ကဲ့သို့ အခြေအနေအမြန်ဆုံးပြုမူလိုက်ရခြင်း။

Junmyeon ရဲ့ စိတ်ထဲမှာ မီးသတ်အချက်ပေးသံလို
မျိုးဆူညံသွားတယ်။ မထင်မှတ်ထားတဲ့ အခြေအနေ
တွေကြောင့် ရင်ထဲမှာလည်း ဝုန်းဒိုင်းကြဲတဲ့ ခံစားချက်အပြင် ရှက်လည်း ရှက်သွားသလို၊ စိတ်လည်း
ဆိုးလာတယ်။

"ခင်များ... ဘာရည်ရွယ်ချက်နဲ့ ကျွန်တော့အိမ်ရောက်လာလဲ။အနားကပ်မလာနဲ့နော် ကျွန်တော်ရဲခေါ်လိုက်မှာ။"

အသင့်ဆောင်ထားတဲ့ လျှပ်စစ်ကျဉ်စက်ကို မသိမသာ
ကိုင်ထားပြီး ဖုန်းခေါ်ရန် ပြင်ထားသည့်တိုင် Junmyeonလက်တွေက တုန်ရီနေစဲ။ ဒါ့အပြင် ခုထိ Junmyeon ကျောခိုင်းရက်ကြီးနဲ့ ပြောနေရတာမို့
နောက်ကျောမလုံသလို ခံစားချက်ကြီးကြောင့် ကြောက်ရွံ့လာတယ်။

MY SHINING COMETWhere stories live. Discover now