Part 8 || Causes & Effects ||

273 49 7
                                    

⭐🌿⭐🌿⭐🌿⭐🌿⭐🌿⭐🌿⭐🌿⭐

"ကိုယ့်ဘာသာ ဆင်းလျှောက်မယ်လေ Xing..."

အခုလို အနေအထားက ဘယ်လို နာမည်တပ်ရမယ်မှန်း
Junmyeon တကယ်မသိဘူး။ လောလောဆယ်
မျက်နှာက ခရမ်းချဉ်သီး နီးနီးအရောင်ရဲနေတာတော့
အလိုလိုသိနေပြီ။

အဖြစ်အပျက်တွေက ဘယ်ကနေဘယ်လိုမှန်းမသိ
ဖြစ်ကုန်တော့ Junmyeon တယောက် ယောင်ယောင်နနနဲ့ အိမ်ပြန်တဲ့အခါ ပုံမှန်ဆင်းနေကြ ကုန်းဆင်းလှေကားထစ်ကို ၃ဆင့်လောက် ကျော်ဆင်းမိတော့
ခြေကျင်းဝတ်က တော်တော်လေး ထိခိုက်သွားတယ်။

အရွတ်လည်သလို ဖြစ်သွားတာမို့ အသည်းခိုက်အောင်
နာကျင်တဲ့အတွက် Junmyeon ထိုင်နေရင်းနဲ့ကို ငိုမဲ့မဲ့
ဖြစ်လာရတယ်။ နာကျင်လို့ ငိုချင်တာထက် ကံဆိုးမှန်း
ကောင်းမှန်းမကွဲတဲ့ အချိန်အခါကြောင့် လူက ရေနွေးအိုးလို ပူထူနေတာကို အမြန်ဆုံးထွက်ပြေးချင်စိတ်က
အခုတော့ လေထဲ လွင့်သွားရပြီ ထင်ပါရဲ့။

လောလောဆယ် Xing ရဲ့ ကျောပေါ်တက်ပြီး အိမ်ပြန်
လာရတာမို့ သူစိမ်းတွေမြင်ရင် တမျိုးတမည် ထင်ကုန်
မှာဆိုးလို့ Xing ရဲ့ နောက်ကျောပေါ်မှာ မျက်နှာဝှက်
ပြီးနေနေ ရတာမို့ Junmyeon သိပ်အဆင်မပြေလှ။

အိမ်နဲ့ တောင်ကုန်းက နာရီဝက်ကျော်လောက် လျှောက်
ရတာမို့ Xing ကိုလည်း တကယ့်ကို အားနာနေမိတယ်။
ဖြစ်ဖြစ်ချင်းကလောက် နာကျင်မှုကို မခံစားရတော့
တာမို့ ရလောက်မယ်အထင်နဲ့ Xing ကိုပြောကြည့်
တယ်။

"Jun က ညောင်းလို့လား။"

"Arrnyi, Xing ကသာ ပင်ပန်းနေမှာပေါ့။အဲ့ဒါ
ကြောင့်...အင့်"

"ဒါဆိုလည်း ကောင်းကောင်းမွန်မွန်နားရင်း လိုက်ခဲ့ပါ။"

ပြောရင်းနဲ့ လျောကျမှာဆိုးလို့ ခဏရပ်ပြီး Junmyeon
ကို ပင့်ပြီး ပြန်ကုန်းပိုးတော့ လူတောင် အင့်ခနဲ ဖြစ်
သွားတယ်။ ပြီးတော့ Junmyeon စိတ်ထဲ မကျေ
မနပ်ဖြစ်လာတယ်။ သေချာပေါက် စိတ်တိုလာတာ။

"ဒီမှာ Xing...."

"Nae..."

"ဘယ်တုန်းက လူကို ပြန်ခံပြောတတ်လာတာလဲ။ဟမ်။
အရင်က Jun စကားဆို နားထောင်တဲ့လူက အခုကျ
ပြန်အမိန့်ပေးနေတယ်ပေါ့လေ။"

MY SHINING COMETWhere stories live. Discover now