Part 7 ||The Unexpected ||

313 54 8
                                    

⭐☘⭐☘⭐☘⭐☘⭐☘⭐☘⭐☘⭐

တိတ်ဆိတ်၍ မှောင်မည်းနေသော အိမ်များ၏ လမ်း
ကြိုလမ်းကြားမှ ဖြတ်ကာ အနက်ရောင် ဂျက်ကင်၊
Style pant ဖြင့် လက်၂ဖက်ကို အိတ်ကပ်ထဲထည့်ကာ
ခေါင်းကို ငိုက်စိုက်ချလျက် ခြေလှမ်း မှန်မှန်ဖြင့်
Tao လမ်းလျှောက်လာခဲ့သည်။

"No.(00), Miracle Bar...."

မျက်လုံးရှေ့မှာ မြင်နေရသည့် အနောက်တိုင်းပုံစံ
ရှေးဟောင်း အဆောက်အအုံရှိ ဆိုင်းဘုတ်နာမည်ကို
နှုတ်မှ ခပ်ဖွဖွ ရွတ်ဆိုရင်း တလမ်းလုံး ငုံလာခဲ့သော
Lolly pop ကို တစ်ခြမ်းကိုက်လိုက်ပြီး ကျန်တခြမ်း
ကို လွင့်ပစ်လိုက်ကာ ထိုအဆောက်အအုံထဲသို့
ဝင်သွားသည်။

အပြင်ပန်းပုံစံဖြင့်ကွဲလွဲစွာ ဆိုင်အတွင်းရှိ decoration
မှာ နှစ်လိုဖွယ်ကောင်းသည်။ ပြတင်းပေါက် အနားသတ်
များတွင် သစ်နွယ်သစ်ခက်များဖြင့် အလှဆင်ထားပြီး
မမှိန်မလင်းလွန်းသော မီးအိမ်လေးများမှာ ဘယ်ညာ
တစ်ဖက်တချက်စီမှာ တင်ထားသည်။

မီးဆိုင်းများ၏ အလင်းကိုလည်း ခပ်ပြပြရှိစေပြီး
ခန်းစီးများမှာ ဆင်စွယ်ရောင်ပိုးထည်ဖြင့် ဆင်ယင်ထားသည်။ စားပွဲများနှင့် ထိုင်ခုံများမှာ ဖန်ထည်
အပြင်အဆင်များဖြစ်ပြီး လူအနည်းစု ရှိနေသည်။

"Cocktail တစ်ခွက်။အရောင်စပ်ပြီးသား အပြင်းစား။"

သစ်သားရောင် ခုံတန်းရှည်နှင့် အမျိုးမျိုးသော
ယမကာပုလင်းများကို ညီညာစွာဖြင့် စီထားသော
Bar counter ပေါ်လက်တင်ကာ သောက်စရာမှာ
လိုက်သည်။ ခပ်ငြိမ့်ငြိမ့်ပျံ့လွင့်လာသော ဂန္ဓဝင်ဂီတ
သံစဉ်အပေါ် မျက်လုံးမှိတ်ကာ စီးမြောခံစားကြည့်
သည်။

"အဘိုးကြီး style ကနေ ဒီတသက် ပြောင်းပါဦးမလား။ နာမည်ကြီး bar ဖြစ်အောင် ကောင်မလေး
ချောချောလှလှလေးတွေ ဝန်ထမ်းခန့်ထားသင့်တာ။"

စားပွဲသို့ Cocktail တင်ကာ Tao အရှေ့သို့တိုးပေး
သော Kris ကို ကြည့်ရင်းပြောသည်။

"သောက်စရာရှိတာ သောက်ပြီးရင် အိမ်ကိုတန်းတန်း
ပြန် စကားများမနေဘဲ။"

ဖန်ခွက်များကို ပဝါဖြင့် သုတ်ရင်း စကားပြောနေသော
Kris ကို Tao ဆက်မကြည့်တော့ဘဲ Cocktail ကို
တငုံသောက်လိုက်သည်။

MY SHINING COMETWhere stories live. Discover now