Part 6 || Could this be the prologue? ||

299 52 0
                                    

🌠🌠🌠🌠🌠

"ချလွမ်......"

Junmyeon နေ့လည်စာဘူးပြင်နေရင်းမှ ထမင်းစားဝိုင်းဆီမှ ထွက်ပေါ်လာတဲ့ တစ်စုံတစ်ရာ ပြုတ်ကျသံကြောင့် ခေါင်းလှည့်ကြည့်လိုက်တယ်။

"Xing ကိုင်တာ မှားနေပြန်ပြီလေ။"

Xing အတွက် Junmyeon ပြင်ဆင်ပေးထားတဲ့
မနက်စာကရိုးရှင်းပါတယ်။ ကြက်ဥကြော်ရယ်၊
အသားပြားကြော်ရယ်၊ ပေါင်မုန်မီးကင်နဲ့ ကော်ဖီပူပူ
ရယ်။ ညစာတုန်းက အသားစွတ်ပြုတ်ပဲ စားကြတော့
ဇွန်းတစ်ချောင်းနဲ့က ပြဿနာမရှိခဲ့ဘဲ မနက်စာ
ကျမှ Xing တယောက် တိုင်ပတ်နေတယ်။

Junmyeon ဝတ်ထားတဲ့ Apron ကို ချွတ်ပြီး Xingဆီသွားတယ်။ Xing ပုံကို ကြည့်ုပြီး Junmyeon
တကယ်ပဲရယ်ချင်လာတယ်။

ပလုပ်ပလောင်းနဲ့ စားနေလို့ ပါးနှစ်ဖက်လုံးက ဖောင်း
နေတဲ့အပြင် နှုတ်ခမ်း တဝိုက်မှာလည်း ဆော့စ်တွေ
ပေကျံနေတယ်။ လက်နှစ်ဖက်လုံးနဲ့ ခက်ရင်းကို ဖိပြီး
အသားပြားကြော်ကို မရမက လှီးနေတယ်။

ဒါ့အပြင် လုပ်ရင်းနဲ့ မရတာကို စိတ်ရှုပ်လာဟန်နဲ့
လက်တော့ မလျှော့သေးပဲ မျက်မှောင်ကြုံ့ပြီး
ကြိုးစားပမ်းစားလုပ်နေသေးတယ်။
ပြီးတော့ ခပ်မှေးမှေး မျက်လုံးတွေနဲ့ အသားပြား
ကြော်ကို စိုက်ကြည့်နေတာ သူ့ရန်သူလိုပဲ။

"Jun.....အဲ့အသားပြားက Xing ဆီ ပါမလာဘူး။"

"အင်းလေ ရအောင်ခေါ်မှပေါ့။"

Junmyeon ကလည်း စချင်စိတ်ကြောင့် အတည်
ပေါက်နဲ့ပြောတော့လည်း တကယ်မရမက
ဆက်လုပ်မယ့်ပုံကြီး။ ဘာများပေါက်ကရ လုပ်ဦးမ
လဲလို့ သိချင်ပေမယ့်လည်း ကျောင်းသွားဖို့က
အချိန်နီးကပ်နေပြီ။

"ကဲ Mr Xing ရေ ပြန်လာမှ သေချာပြန်သင်ပေးတော့
မယ်။ Jun ကျောင်းနောက်ကျတော့မယ်။"

အောက်ကျနေတဲ့ အသားလှီး ဓားအသေးလေးကို
ကောက်ယူပြီး စားပွဲပေါ်တင်လိုက်တယ်။ လက်ကိုင်
ပုဝါလေး တစ်ခုယူပြီး Xing နှုတ်ခမ်းမှာ ပေပွနေတာ
တွေကို မြန်မြန်ဆန်ဆန် သုတ်ပေးလိုက်တယ်။

"Jun က ဘာလို့ ကျောင်းသွားရတာလဲ။"

"Jun က ကျောင်းတက်ရမယ့် အရွယ်လေ Xingရဲ့။
ကျောင်းတက်မှ ပညာတတ်ပြီး ငွေတွေ အများကြီး
ရှာနိုင်မှာ။ ခုလို အရသာရှိတာတွေလည်း အများကြီး
ရအောင် လုပ်နိုင်မှာ။"

MY SHINING COMETWhere stories live. Discover now