Part 2 || Miracle things happen?||

526 67 10
                                    


နေရောင်ခြည်ရဲ့ အနွေးဓာတ်ကို မျက်နှာပေါ်မှာ ခံစားမိတဲ့အချိန်မှာစပြီး Junmyeon မျက်လုံးတွေပွင့်လာတယ်။

အမှန်တော့ မထချင်လောက်အောင် လူကတော်တော်လေးပင်ပန်းနေပေမယ့် စောစောထတတ်တဲ့အကျင့်က မပျောက်တော့ အချိန်ကျတာနဲ့ အလိုလိုနိုးတော့တာပါပဲ။

မနေ့က တညလုံး ငိုထားတဲ့အရှိန်ကြောင့် မို့အစ်နေတဲ့ မျက်ခွံတွေကို မနည်းဖွင့်နေရတယ်။ ခေါင်းကလည်းတော်တော်လေး နောက်နေသေးတော့ ရေချိုးလိုက်မှ လန်းဆန်းသွားလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ အားယူပြီးထ
လိုက်တယ်။

"ဘုန်း......."

ကုတင်ပေါ်က ဆင်းဆင်းချင်းမှာပဲ ခလုတ်တိုက်မိပြီးအရှိန်နဲ့ ချော်လဲပြန်တယ်။ ထူးဆန်းတာက ကြမ်းပြင်ပေါ်မကျဘဲ တစ်စုံတစ်ခုအပေါ် ဖက်လျက်သား ဖြစ်နေတာ။

*ဘာကြီးလဲကွာ.... ငါ့စားပွဲကို ကုတင်ဘေးကပ်ထားမိပြန်တာလား....ကျစ်*

ထပ်ပြီးထူးဆန်းတာက စားပွဲလို့ ထင်ထားတဲ့ Junmyeon ကိုင်ထားတဲ့အရာ ပြားနေရမယ့်အစားလုံးဝန်းနေသလိုပဲ။

*ဆဲဆားငဲ... ငါတစ်ခါလောက်အရက်သောက်မိတာအိမ်က စားပွဲတောင် လုံးသွားတယ်လား*

အိပ်တဝက်နိုးတဝက် ဖြစ်နေတဲ့ မျက်လုံးတွေကိုသေချာ အလုပ်ပေးပြီးမှပဲ Junmyeon တကယ် ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်သား လဲကျသွားတယ်။

သူထင်နေတဲ့ စားပွဲအစား တွေ့လိုက်ရတာက သူ့ခါးလယ်လောက်ရှိတဲ့ ဧရာမ အလုံးကြီးတစ်လုံး။ ကြက်ဥလုံးပုံစံကိုမှ ခပ်ကြီးကြီးအသွင်ရှိတဲ့ ထူးဆန်းတဲ့ဥကြီးက ဘယ်လိုလုပ် Junmyeon အခန်းထဲ
ရောက်နေသလဲ မတွေးတတ်တော့။

မူးနောက်နေတာတွေတောင် ဘယ်ရောက်မှန်းမသိတော့ဘဲ ပကတိကြည်လင်လာတဲ့ အာရုံတွေနောက်မှာတော့ဇောချွေးတွေ အလိုလို ပြန်လာသလိုလို။ တကယ်လည်း Junmyeon ထိတ်လန့်လာတယ်။

ဘာမှန်းမသိတဲ့ ဥကြီးက သူ့အိမ်ထဲရောက်နေတော့ မသမာသူတွေများ ပေါက်ကွဲရေးပစ္စည်းတွေလာထည့်ထားတာလား၊ ဒါမှမဟုတ် ဒီလောက် အရွယ်ဥကြီးသာအစစ်ဆိုရင် ဒိုင်နိုဆောဥများလား။ ကောက်ခါငင်ကာ ပေါက်လာရင်တော့ အိမ်နဲ့ဆံ့ပါ့မလား။

MY SHINING COMETWhere stories live. Discover now