Part 12 ||Could this be Destiny!||

185 37 0
                                    

Zawgyi

"Noona, Hyung ကျွန်တော်လာတယ်။"

မှန်ဘောင်မှာ အစီအရီ သွင်းထားသော ကြွေအိုးလှလှလေး၂ခု၊ နံဘေးမှာ lily ပန်းလေးတွေနဲ့ အလှဆင်ထား
ပြီး သပ်သပ်ရပ်ရပ်လေးရှိနေသည့် photo frame ၃ခု။၁ယောက် ၁ပုံစီအပြင် ၂ယောက်တွဲ ၁ပုံ။ ပုံတိုင်းမှာတော့ ရယ်မောနေတဲ့ Noona ရဲ့ အပြုံးက အသက်ဝင်နေစဲ။

Kim Myeon Ho & Kim Hae Yeon ဆိုတဲ့ ငွေရောင်စာသားတွေက တောက်ပနေလျက်။ နှစ်ဦးစလုံးရဲ့ လက်ထပ်လက်စွပ်နဲ့ ကိုယ်ပိုင် diary စာအုပ်ကိုလည်းနေရာတကျထားပေးထားသည်။
ကျန်ရှိသောပစ္စည်းအချို့ကတော့ သိမ်းဆည်းထားသဖြင့် အထွေအထူး
ရှိမနေတော့။

"Mian Noona ကျွန်တော် ဒီထက်စောစောလာသင့်တာ၊ Noona လည်းသိတယ်မလား ကျွန်တော် အလုပ်လုပ်ရင် အသေအကြေလုပ်သလို နားရင်လည်း ပြန်ကို
လှည့်မကြည့်ချင်တော့ ခုလို နောက်ကျသွားရတာ။"

မှန်ဘောင်နား၌ အသင့်ယူလာသော ပန်းစည်းကို ချပြီး

"လက်ဆောင်ယူလာတယ်။ စိတ်ဆိုးနေရင်လည်း
ကြေအေးပေးတော့။ Noona အကြိုက်ပန်းတွေချည်းပဲ"

ဓာတ်ပုံထဲက Kim Hae Yeon တချိန်က Park Hae Yeon ဖြစ်ခဲ့သော သူမပုံကတော့ တကယ့်ကို အေးချမ်းနေသည့်အသွင်။ ကြည့်တော့သာ အေးချမ်းနေသည့်အသွင် အကျင့်ကတော့ မဟုတ်မခံစိတ်ဓာတ်မို့ ရန်ဖြစ်
တိုင်း Hyung ပဲလိုက်ဖြေရှင်းပေးခဲ့ရသည်ကို Chanyeol မှတ်မိသေးသည်။

"Hyung....Noona အရင်လို Hyung ကို အနိုင်ကျင့်သေးလား။"

Kim Myeon Ho ဆိုသည့် Hyung ကတော့ Noona နဲ့ အလယ်တန်းမှ စတွေ့ခဲ့ပြီး အထက်တန်းကတည်းက
ချစ်သူတွေဖြစ်ခဲ့ကြသည်။ Myeon Ho Hyung
အကြောင်းမသိခင်အထိကတော့ Chanyeol လုံးဝသဘောမတူခဲ့။ Hyung ကတကယ်တော့ စိတ်ရင်းကောင်းပြီး လူမှုရေးလည်း ပြေပြစ်သလို ကဂျီကဂျောင်ကျလွန်းသော Noona အပေါ် အလိုလိုက်ပြီး အရမ်းချစ်တတ်သလို သည်းခံနိုင်တဲ့ တစ်ဦးတည်းသောသူဖြစ်ခဲ့သည်။

Chanyeol ကတော့ ဆိုးလ်မှာ အလယ်တန်းအထိ
အဖေဘက်က အဖိုးအဖွားတွေဆီမှာ သာ
ကြီးပြင်းရင်း နေထိုင်ခဲ့ပြီး တက္ကသိုလ်ရောက်သည့်
အချိန်၌ အဖိုးအဖွားတွေ မရှိတော့သည်မို့ Noona
တို့မိသားစုနှင့် အတူနေသည့် အချိန်၌ Junmyeon
ပင် တစ်နှစ်ကျော် အရွယ်ရှိနေပြီ။

MY SHINING COMETWhere stories live. Discover now