Part 16|| Lost In Love With You||

148 35 6
                                    

Zawgyi

သာယာတဲ့ နံနက်ခင်းမှာ နေရောင်ခြည် အပြည့်မခွင်း
သေးပေမယ့် ခပ်သာသာ တိုက်ခတ်နေတဲ့ လေညင်းရဲ့
အေးမြမှုက စိတ်ကို လန်းဆန်းစေတယ်။

အထူးသဖြင့် ကိုယ့်ကို သဘောကျနေတဲ့လူတယောက်၊
ပြီးတော့ အဲ့လူက ဘယ်သူနဲ့မှမတူပဲ သီးခြား
ကိုယ့်တယောက်တည်းအတွက် ဖြစ်တည်ပေးနေသလို

အဲ့လို တစ်စုံတယောက်ကကိုယ့်အနားမှာ ယှဉ်ပြီး အတူလမ်းလျှောက်ပေးနေရုံလေးနဲ့တောင် စိတ်ထဲမှာ
နွေးထွေးလုံခြုံမှုက အလိုလိုရောက်နေသလို
ခံစားချက်ကပါအတူရှိနေခြင်းက ပိုပြီးနှစ်သက်စရာ
ကောင်းတယ်။

Junmyeon လမ်းလျှောက်နေရင်း ဘေးက Xing ကို
မသိမသာကြည့်လိုက်တယ်။ အထက်တန်းကျောင်း
ဝတ်စုံနဲ့ Xing က လိုက်ဖက်တာထက်ကို ပိုနေတဲ့အခါ
Junmyeon နဲ့ စတွေ့ကစ ကလေးလိုဖြစ်နေတဲ့ Xing
ကိုတောင် သွားသတိရတယ်။

မထင်မှတ်ပဲ Xing က အဝတ်အစားပုံစံပြောင်းရုံနဲ့
တောင် ချောမောခန့်ညားမှုက အရင်ကထက်တောင်
များလာတယ်။အချိန်တိုအတွင်း ကျောင်းမှာ နာမည်
ကြီး ရေပန်းစားမယ့်သူတယောက် ဖြစ်လာဦးမယ်လို့
Junmyeon ထင်တယ်။

ဒီနေ့ Junmyeon က အလိုလိုနေရင်းတောင် ပျော်ရွှင်
နေပေမယ့် Xing ကတော့ တမျိုးဖြစ်နေသလိုပဲ။
ဧကန္တ Xing က ကျောင်းမတက်ချင်လို့များလား။
Xing ပုံစံက သိပ်ပြီး တက်ကြွပုံမရဘူး၊ ရုပ်တည်တည်နဲ့
ပုံမှန်ပဲ လမ်းလျှောက်နေတယ်။

တကယ်ဆို ကျောင်းတက်တဲ့ အစီအစဉ်ကို Chanyeol
ခွင့်ပြုပေးတုန်းက Junmyeon လောက် Xing က
မပျော်သလိုပဲ။ Junmyeon ရဲ့ စိတ်ထဲမှာတော့ Xing
က Junmyeon နဲ့ အသက်သိပ်မကွာတဲ့ အရွယ်မလို့
ကျောင်းတက်သင့်တယ်လို့ထင်တယ်။

ပြီးတော့ Xing မသိသေးတာတွေမှ အများကြီးပဲရှိသေး
တယ်။ Xing အရင်နေခဲ့တဲ့ ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲဆိုတာ Junmyeon မသိပေမယ့် အခု Xing က
တော့ Junmyeon တို့ ပတ်ဝန်းကျင်မှာ ဘယ်လိုနေရ
မယ်ဆိုတာ အနည်းနဲ့ အများတော့ သိထားမှဖြစ်မယ်။

နောက်ပြီး Xing က လူသားစင်စစ်မဟုတ်တော့ ခွဲခြား
ပြီး သတ်မှတ်ကြမယ့် လူတွေကြားမှာ Xing ကို ရပ်
တည်လို့ရမယ့် နေရာတစ်ခုမှာ ရှိစေချင်တယ်။ Samcheon အတွေးကိုတောင် မနည်းပြောင်းရတဲ့
အချိန် ပတ်ဝန်းကျင်ကလူတွေကပါ Xing ကိုတသီးတ
ခြား ဆက်ဆံကြမှာမျိုး မလိုလားဘူး။

MY SHINING COMETWhere stories live. Discover now