Part 14 || Present of Past ||

170 33 6
                                    

Zawgyi

"Hyung-nim အိမ်ပြန်ကြရအောင်"

Baekhyun ရဲ့ စကားကို Xing ကြားရပေမယ့် ဘာမှမတုန့်ပြန်မိ။ ငြိမ်သက်စွာ ထိုင်နေတဲ့ Xing အပေါ် မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းနေတဲ့ Baekhyun ရဲ့ အသွင်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချစေချင်သလို။

"ငါ ပြန်လာလို့မရသေးဘူး Baekhyun na။"

"Hyung-nim!"

ထိတ်လန့်သွားတဲ့ Baekhyun ရဲ့စကားသံက မထင်မှတ်ထားတဲ့ အရာတစ်ခုကို ကြားလိုက် ရသည့်အတိုင်း။

"သူတို့ Hyung-nim အကြောင်းသိရင်ရော လက်ခံမယ်ထင်လို့လား"

တွက်ဆနှင့်ပြီးသား အကြောင်းအရာတစ်ခုကို ကြားလိုက်ရတဲ့ အတွက် Xing အထွေအထူးမခံစားမိပေမယ့် စိတ်လိုလက်ရတော့ ပြုံးမိသည်။

"Arrnyi..... ဘယ်လိုလုပ်လက်ခံလိမ့်မလဲ"

"သူတို့က လူသားတွေပါ Hyung-nim။ ကျွန်တော်တို့လို ဘဝတွေအတွက် သူတို့မှာ အာမခံချက်မရှိဘူး"

"သူတို့က တခြားလူသားတွေနဲ့မတူဘူး Baekhyun na မင်းလည်း သိမှာပါ အဲ့တာကို"

ဒီတခါတော့ Baekhyun ကိုယ်တိုင်လည်း ငြိမ်သက်သွားသည်။ Xing ကိုယ်တိုင်လည်း Baekhyun ရဲ့ ဘဝအကြောင်းအရာ တပိုင်းတစ ကို သိသင့်စလောက်သိထားပြီးသား။

"မင်းကိုယ်တိုင်ရော အခုထိ ခံစားချက်တွေ မပြတ်သားဘူးမလား။ ငါလည်း မင်းလို အခြေအနေ ရောက်မလိုဖြစ်နေတယ်"

"ဒါပေမယ့် ကျွန်တော်တို့က ရွေးချယ်ခွင့် အများကြီး ရှိတဲ့ ဘဝတွေမှမဟုတ်ပဲ"

Baekhyun ရဲ့အပြာရောင်မျက်လုံးလဲ့လဲ့လေးတွေတောင် မှိုင်းကျသွားတာကြောင့် သူ့ရဲ့စိတ်က အတိတ်က အချိန်တွေဆီ ပြန်ရောက်နေမယ်ဆိုတာ Xing သိလိုက်သည်။ တကယ်တော့ Baekhyun က သိပ်ကိုဖြူစင်ပြီး စိတ်ထားနူးညံ့တဲ့ကောင်လေး တယောက်။အင်း...အခုတော့ စက်တပ်ကိရိယာ တဝက်နဲ့ လူတစ်ယောက်ပေါ့။

"Hyung-nim တစ်စုံတစ်ယောက်ကို ချစ်မိသွား ပြီနဲ့တူတယ်။ သူကြောင့် ပြန်မလာနိုင်တာမလား"

"မင်း ယုံရဲ့လား"

"အင်း... ကျွန်တော် သိနေတယ်။ Hyung-nim ရဲ့ ID က extraordinary ဖြစ်နေကတည်းက ကျွန်တော် Hyung nim system ထဲဝင်ကြည့် မိတယ်။တောင်းပန်ပါတယ် Hyung-nim"

MY SHINING COMETWhere stories live. Discover now