အချိန်နှစ်လရမယ်ဒီနှစ်လအတွင်းအမျိုးသားကြင်ယာတော်ရအောင်ရှာရမယ် ဒီနှစ်လအတွင်းသာနန်းတော်ထဲကန်တွေကခံနိုင်ရည်ရှိတော့မည်
တိုင်းပြည်အနှံ့သောက်ရေသုံးရေ
ရအောင်စီစဉ်ပေမဲ့ မိုးမရွာတာကခက်သည်မိုးသာမရွာခဲ့ရင်တိုင်းပြည်ပျက်ပြီ
မင်းကြီးလီဟွမ်းတကယ်စိတ်ရှုပ်နေပြီ
ညဘက်တွေအိပ်မပျော် အဖော်ပြုဖို့မိဖုရားတွေရှိပေမဲ့ အဆောင်အယောင်သက်သက်မိမိနန်းဆောင်မှာသာညတာကုန်ဆုံးသည်ကများသည်
ဖြတ်ကနဲအိပ်ပျော်သွားတဲ့ခဏ
"စိုးရွံ့မိပါတယ်မင်းကြီး အနောက်လက်ပင်လယ်မှာထူးဆန်းတဲ့ရေသတ္တဝါတစ်ကောင်ပေါ်လာလို့တိုင်းသူပြည်သားတွေနန်းပြင်မှာ ဆူညံပွက်လောရိုက်နေကျပါတယ်"
အနားမှာအမြဲရှိနေကျကိုယ်ရံတော်တပ်မှူး
ကညနက်ကြီးလျှောက်တင်လာသည်လီဟွမ်း အလျင်အမြန်ထပြီးညဝတ်စုံအဖြူကိုစစ်ရေးထွက်တဲ့ပခါသုံးတဲ့အဝတ်အစားနဲ့သံချပ်ကာတွေဝတ်ရတော့သည် တိုင်းပြည်ဆူပူလာတဲ့အခြေအနေကရောက်လာခဲ့ပြီ သောက်လို့မရတဲ့ပင်လယ်ရေငန်ကလာတဲ့ဒီသတ္တဝါဘာများဖြစ်မလဲ
လက်ကမ်းလိုက်တော့ကိုယ်ရံတော်တပ်မှူးကသံချပ်ကာအဆောင်အယောင်နဲ့နဖူးစည်းကိုကမ်းပေးလာသည်
နဂါးတွေဝန်းရံနေတဲ့ပုံစံထုလုပ်ထားတဲ့ဓားတော်ကိုဆွဲပြီးအဆောင်တော်ထဲကထွက်လာခဲ့သည်
အဆောင်တော်အပြင်ဘက်မှာလဲယောက်ယပ်ခတ်နေကျပြီ ဒီရေသတ္တဝါကဘယ်လောက်တောင်ကျွတ်ကျွတ်ညံစေလိုက်သလဲ
စစ်သည်တွေကကူးလူးသွားလာနေကျပြီးမိဖုရားသုံးပါးကပါသတင်းမေးဖို့ရောက်လာတော့မယ် အဲ့ဒါကြောင့်ညဘက်ကြီးအပျိုတော်တွေပါလှုပ်လှုပ်ရှားရှားဖြစ်နေကျ၏
"အမျိုးသမီးတွေကိုယ့်အဆောင်ထဲကိုယ်ပြန်နေပါ"
လီဟွမ်းရဲ့အာဏာစက်ပြင်းတဲ့အသံအောက်မှာအပျိုတော်တွေအကုန်လာရာလမ်းအတိုင်းပြန်လှည့်သွားကျသည်