"တပ်မှုးသူ့ကိုဒီနားခေါ်လာခဲ့"
အခုကတည်းခိုခန်းရဲ့အပေါ်ထပ်တစ်ဆောင်လုံးကိုဧက္ကရာဇ်တည်းခိုမည်ဟူသောကြောင့်အပေါ်ထပ်တစ်ဆောင်လုံးကလူတွေဖယ်ပေးရသည်မို့ တစ်လျောက်လုံးတိတ်ဆိတ်လျက်ရှိသည်
ခြေထောက်သိပ်မထောက်နိုင်သေးတဲ့ရေသတ္တဝါလေးလို့ပြောတဲ့ကောင်လေးကိုနန်းမြို့ကသူတွေကစိုးရိမ်လွန်နေကျသည် သူ့တို့စိတ်ထဲပြည်ကြီးငါးအကြီးစားကြီးလို့များထင်နေလားမသိ
ညအိပ်ဝတ်ရုံအဖြူနဲ့လီဟွမ်းသည်တည်းခိုဆောင်အခန်းထဲကကုတင်ပေါ်မှာထိုင်နေပြီးအခန်းရှေ့ကတပ်မှူးဘေးကထိုင်ခုံမှာထိုင်နေတဲ့သတ္တဝါလေး မဟုတ်ဘူး
အကောင်လေးလို့ပြောရမလား"ဒီနားခေါ်ခဲ့"
လက်ယပ်ခေါ်တော့စကားတော့စကားနားလည်တယ် ကုန်းထတာကြောင့်ထိုင်ခုံပေါ်ကဘုတ်ကနဲ
"ချီခေါ်လာခဲ့"
တပ်မှူးသည်နယ်စားမင်းအိမ်ကဝတ်ရုံနဲ့လုံးနေတဲ့
ဒီအကောင်လေးကိုပခုံးပေါ်တင်မလာတော့သည်ကုတင်အောက်နားမှာချပေမဲ့ လီဟွမ်းကသူ့ဘေးနားကမွေ့ယာပေါ်ပုတ်ပြသည်
"ကိုယ်တော်
ပုစွန်အစိမ်းတွေလိုချင်တယ်"တပ်မှူးစားဖိုဆောင်ဘက်ကိုသွားရပြန်သည်အထိန်းတော်မိန်းမစိုးမရှိသည့်ဒီနေရာတွင်တပ်မှူးသာခိုင်းကောင်းနေတော့သည်
"ကောင်ကလေး ကိုယ်တော့်ကိုကြည့်"
အသံကြားမှတွန့်သွားတာ ကုတင်ထောင့်ကပ်သွားပြီ လမ်းမလျှောက်နိုင်တာမို့ထတော့မထရဲဘူး
"ငါ့ကိုဘုရင်တစ်ပါးလိုကြောက်နေစရာမလိုဘူး"
ကောင်ကလေးကမျက်လုံးလေးပြူးပြီးဝတ်ရုံလက်အကြီးကြီးထဲလက်တွေကိုပျောက်အောင်ထည့်ထားသည်
"မင်းကိုတော့ကြင်ယာတော်မြှောက်မိတော့မယ်"
လီဟွမ်းကသူ့အနားတိုးလာလေကောင်ကလေးကနောက်ဆုတ်လေ ဆုတ်ရင်းဆုတ်ရင်းအနောက်ဖက်လန်ကျသွား၏
အုပ်မိုးလာတဲ့လီဟွမ်းကာကောင်လေးရဲ့ခေါင်းတစ်ဖက်နားမှာလက်ထောက်လို့