ဆယ့်သုံးရက်ကြာခရီးနှင်ပြီးနောက်တွင်မနက်ဖြန်မှာNew Holland ဆီသို့စိုက်မည်
ကောက်ကျစ်ပေမဲ့ဉာဏ်မဲ့လွန်းတဲ့New Hollandဘုရင်ဟာကမ်းကပ်တာနဲ့စစ်သည်တွေကိုချထားတာဖြစ်ကြောင့်ကြည့်နေတဲ့မှန်ဘီလူးကြီးတစ်ဆင့်တွေ့ရ၏
လီဟွမ်းသည်ဒီကမရရင်တောထဲဘက်ကပတ်ဝင်ပြီးအနောက်ဘက်ကနေဒီကောင်တွေကိုဂုတ်ချိုးသတ်မည်ဆိုတာတွေးထားပြီးသား
နှုတ်ခမ်းမွှေးတွေေတာင်အတော်ရှည်နေပြီးမျက်တွင်းတွေချိုင့်နေတဲ့လီဟွမ်းပုံစံဟာစစ်သည်တွေတော်အတော်အားမလိုအားမရဖြစ်နေပြီ
ညဘက်တွေဆိုကြင်ယာတော်ကိုမြင်နိုင်ရန်အတွင်းအားကျင့်စဉ်ကျင့်နေသည် တစ်ခါတစ်လေသင်္ဘောထိပ်ပိုင်းမှာမှန်ပြောင်းကြီးနဲ့New Holland ပြည်ရှိိရာကိုကြည့်နေတတ်သည်
"မင်းကြီး ကျွန်တော်မျိုးတို့စစ်ခရာမှုတ်လိုက်ပါတော့မယ်"
ခေါင်းတစ်ချက်သာငြိမ့်ပြပြီး သင်္ဘော
အနောက်ဖက်ကစစ်သည်တွေဘက်လှည့်လိုက်သည်
ဓားအိမ်ထဲကဓားကိုထုတ်ယူသံကချွင်ကနဲတောင်ဂျိုဆွန်းအင်ပါယာရဲ့အလံတလူလူလွှင့်ထူလိုက်ပြီ
"တောင်ဂျိုဆွန်းရဲ့အလံကပင်လယ်တစ်ဖက်ကမ်းအထိစိုက်ထူနိုင်ရမယ်!!!!!!"
ကျယ်လောင်တဲ့လီဟွမ်းရဲ့အသံမှာ သင်္ဘောတစ်ခုလုံးအပြင်ဘေးကအပြိုင်စစ်သင်္ဘောတွေကရဲမက်တွေအသံကစစ်ခရာမှုတ်သံနဲ့အတူကျယ်လောင်နေခဲ့သည်
လီဟွမ်းသည်သင်္ဘောဦးပိုင်းကနေNew Holland ပြည်ဘက်ကိုကြည့်လိုက်သည် သွေးဆာနေတဲ့မျက်လုံးတွေ အကြောမျှင်သေးသေးလေးတွေကအစနီရဲနေခဲ့ပါသည်
.............................
"Lixငါ့ရဲ့ရေသတ္တဝါလေး မင်းရဲ့ခင်ပွန်းကြီးလာပြီလေ အဟားဟား"
New Holland ဘုရင်ကယုံးဘို့ကိုရတနာသဖွယ်ထားထားသည် သူ့ရဲတိုက်ကြီးရဲ့အမြင့်ဆုံးအခန်းမှာမှထားထားတာ အေစာင့်များစွာနဲ့အမြင့်ဆုံးအထပ်ကလီဟွမ်းဧက္ကရာဇ်ရဲ့ကြင်ယာတော်လေး
New Holland ဘုရင်သည်ယုံးဘို့အားပုလဲတွေထုတ်ယူဖို့အတွက်ထပ် ဂျိုဆွန်းဧက္ကရာဇ်လီဟွမ်းကိုသူ့ခြေထောက်နဲ့သူလာပြီးအညံ့ခံဖို့ကြင်ယာတော်နဲ့ခြိမ်းခြောက်မယ်ဆိုပြီးတွက်စထားသည်