13

715 76 2
                                    

အသံတိုးတိုးလေး ဟွမ်းဆိုတဲ့နာမ်စားကိုသူကိုယ်တိုင်ကြင်သူကိုခေါ်စေဖို့ဘယ်လောက်တောင်ခစားလိုက်ရသလဲ

အဝေးကြီးကအသံတိုးတိုးလေးသည်ရင်ထဲအထိစီးဆင်းသည် အမြင်အာရုံကိုချဲ့ပြီးကြည့်တဲ့အခါ ရဲတိုက်ပြတင်းပေါက်တစ်ခုကညီလာခံခန်းမပုံစံဖြစ်၏

အပေါက်ဝမှာNew Holland ဘုရင်နဲ့အစောင့်တွေကရပ်နေပြီးအဲ့ဒီ့အနောက်မှာမှခပ်ရေးရေးမြင်ရသောဆံပင်အဝါလေးတွေပိုင်ရှင်ပြီအားမြင်လိုက်ရပြီ
ဓားတွေကိုယ်စီသံချပ်ကာဝတ်စစ်သည်တွေရဲ့ဝန်းရံထားတဲ့ကြင်ယာတော်သည်သူ့ကိုအားကိုးတကြီးကြည့်နေကြောင်းမျက်လုံးအကြည့်တွေကမြင်ရ၏

နှုတ်ခမ်းဖူးဖူးပါးစပ်သေးသေးလေးကိုဟပြီးစိတ်လျော့ဖို့ပြောနေသည်

နဂါးအဖြစ်အသွင်ပြောင်းနေတဲ့လီဟွမ်း၏မျက်လုံးတွေသည်နီရာမှပြာသွားတော့သည်

New Holland ဘုရင်သည်နဂါးကြီးအ‌ငွေ့တွေအဖြစ်ပျံလာပြီးလူသားအသွင်ပြန်ပြောင်းသည်ကိုတွေ့သောအခါပြတင်းပေါက်တံခါးကိုဆွဲပိတ်သည်

ယုံးဘို့ဆီသွားကာမေးရိုးနှစ်ခုကိုတင်းနေအောင်ကိုင်ထား၏

"မင်းး!!"
...........................

လီဟွမ်းစစ်တလင်းပေါ်သို့အသွင်ပြောင်းပြီးပြန်ကျလာခဲ့သည် ဘယ်ဘက်တောင်ပံကမီးစွဲထားတာမို့ မီးလောင်ဒဏ်ရာကြီးကိုဘယ်ဘက်လက်မှာတွေ့ရ၏

ကိုယ်ရံတော်တပ်မှူးကအမြန်ပြေးလာကာ ရောက်လာသမျှအနောက်တိုင်းစစ်သည်တွေရန်ကနေကာကွယ်တိုက်ခိုက်ပြီးလီဟွမ်းကိုဆွဲထူသွားသည်

"ယုံးဘို့..ယုံးဘို့ ကရဲတိုက်ထဲမှာ အာ့...."

ဘက်ဘက်လက်ကိုဖိကိုင်ထားတဲ့လီဟွမ်းသည်တော်တော်ကိုနာကျင်နေတဲ့ပုံပေါက်နေပြီ ထပ်ပြီးတော့ခံတပ်တစ်တိုင်းကိုဝင်ဆောင့်တဲ့အပြင် ပေါက်ကွဲမှုကြောင့်တောင်ပံတစ်ဖက်မီးကျွမ်းပြီးလက်တစ်ဖက်ပါမီးလောင်ဒဏ်ရာတွေအပြင်ခေါင်းက‌အတော်မူးနေတဲ့ပုံရသည်

"မင်းကြီးသတိထားပါ"

ဆွဲတော်ဓားကိုအားပြုပြီးအတင်းကုန်းထတဲ့လီဟွမ်းကိုတားလို့မရ
‌ဓားကိုမြှောက်‌၍အကုန်သတ်ဆိုတဲ့အာခေါင်ခြစ်အော်သံကြီးဟာရဲတိုင်အဝင်ဝတွင်ကြောက်စရာကောင်းအောင်ဟိန်းထွက်နေခဲ့သည်

The King (Season 1/Completed)Where stories live. Discover now