"အရှင်ရော"
"မနက်ခင်းညီလာခံမှာရှိနေပါတယ်"
အထိန်းတော်ရဲ့လျှောက်တင်မှုကိုယုံးဘို့သဘောမကျဘူး ညတုန်းကဖြစ်ခဲ့တာတွေသူအကုန်သိနေသည့်အပြင်ခေါင်းကပါကိုက်နေသည်
ဘာတွေဖြစ်သွားလဲမသိဘူး သေရည်ဝင်သွားလို့များလားအကူအညီနဲ့လဲထားပြီးသားအဖြူရောင်ပိုးထည်ကိုလည်ပင်းအထိမြောက်အောင်ဆွဲတင်ပြီးမယ်တော်ကြီးအခေါ်တော်ရှိတဲ့အဆောင်ကိုကြွရမည် လည်ပင်းကရတနာဆွဲကြိုးကိုကိုင်ကြည့်နေတဲ့ကုပ်ချောင်းချောင်းကြင်ယာတော်လေးကို
လီဟွမ်းမြင်လျှင်မနေ့ကကောင်ကလေးဘယ်ရောက်သလဲမေးလိမ့်မည်"မဝတ်ချင်ဘူး"
"မယ်တော်ကြီးအဆောင်မှာမိဖုရားသုံးဦးပါရှိနေမှာမို့ဝတ်ရပါမယ် ကြင်ယာတော်"
အထိန်းတော်သည်ကြင်ယာတော်ကိုစပြီးစောင့်ရှောက်ရထဲကကြင်ယာတော်လို့လက်ဝတ်တန်ဆာလေးလေးပင်ပင်တွေသဘောကျတာမတွေ့ရပေမဲ့ခရုခွံလေးတွေသီထားတာကိုဝတ်ရတာသဘောကျသည်
ဒါပေမဲ့မရဘူးအခုကဝတ်ကိုဝတ်ရမည်
စိတ်ရင်းအတိုင်းပြောရရင် မိဖုရားသုံးဦးဘယ်လိုပဲစိတ်ထဲထားသည်ဖြစ်စေ အထိန်းတော်ကြီးရဲ့စိတ်ထဲကြင်ယာတော်ကိုအားလုံးထပ်တင့်တယ်စေချင်တာအမှန်.........
"အထိန်းတော်ကြီးရေ ကြင်ယာတော်လေးအော်ငိုလို့တဲ့ အဆောင်ပြန်လိုက်ပို့ပါဦး"
"ဟေ"
မယ်တော်ကြီးအဆောင်ထဲရောက်သွားပြီးမှဘာတွေဖြစ်ရတာတုန်း အထိန်းတော်ကြီးခင်ဗျာပြာပြာသလဲ စောစောကအကောင်းပါ
အဆောင်ထဲဝင်သွားတော့ကြင်ယာတော်ကိုပုဝါဖြူလေးနဲ့သုတ်ပေးနေတဲ့မယ်တော်ကြီးနဲ့ဘေးကပုလဲလုံးလေးတွေကိုအထူးအဆန်းထိုင်ကြည့်နေတဲ့မိဖုရားသုံးပါးကြားမျက်နှာတစ်ခုလုံးရဲလျက်နှာဖျားလေးတွေအထိနီလို့
သူ့ကိုကြည့်နေသည့်ကြင်ယာတော်ခေါင်းဝါလေး"စိုးရွံ့မိပါတယ် မယ်တော်ကြီးဘာများဖြစ်လို့ပါလဲ"
အထိန်းတော်မှာရီရခက်ငိုရခက် ကြင်ယာတော်အားနတ်နန်းကကိုယ်ဝန်ဆောင်နိုင်ရန်အားဆေးအားတိုက်လိုက်ပြီးတော့မှမင်းကြီးကိုဘယ်လိုပြုစုရမည်ဖြစ်ကြောင်းမှာကြားလိုက်လို့ကြင်ယာတော်လေးရှက်ရှက်နဲ့ထငိုတာတဲ့
