"ကြင်ယာတော်လေးလက်တွေအပူလောင်သွားပါတယ်"
ဆိုလာတဲ့စကားမှာလီဟွမ်းတော်တော်စိတ်မကောင်းဖြစ်သွားသည် သူ့ရဲ့မထိန်းနိုင်တဲ့ဒေါသတွေကချစ်ရသူနာကျင်စေလေပြီ
အခုတော့ယုံးဘို့လေးကသူ့ဘေးမှာအိပ်ပျော်နေသည် အရင်တစ်ခါကတည်းခိုဆောင်အပေါ်ထပ်မှာပဲဖြစ်၍ ကျယ်ကျယ်ဝန်းဝန်းနေရာဖြစ်၏
ပိုးသားမွေ့ယာလေးပေါ်မှာလက်နှစ်ဖက်လုံးပတ်တီးအပြည့်နဲ့သူ့ကြင်ယာတော်လေးမျက်နှာလေးကသေးနေသလိုပဲ
ခမည်းတော်ဖြစ်သူနတ်ရွာစံတုန်းကတောင်မျက်ရည်ဝဲသည်မမြင်ဖူးသည့်တည်တံ့နေတဲ့လီဟွမ်းမျက်နှာက အခုမျက်နှာကိုအုပ်အုပ်ပြီးဝဲတက်လာတဲ့မျက်ရည်တွေကိုထိန်းထားသည်ကိုတပ်မှူးဘေးကမြင်နေရင်းတွေ့ရ၏
ခေါင်းစည်းကိုဖြေချထားတဲ့လီဟွမ်းဆံပင်တွေကလဲပွယောင်းနေပေမဲ့ အရှိန်အဝါရှိနေတဲ့ကြင်အင်လက္ခဏာကဘုရင်တစ်ပါးဆိုတဲ့အရှိန်အဝါရှိသေးသည်
ကြင်ယာတော်လက်အပူလောင်ထားတာမို့သမားတော်ခေါ်တုန်းကပြောကြားချက်အရ ကြင်ယာတော်လေးကိုယ်ဝန်လွယ်ထားရပြီဆိုတာသိလိုက်ရတာ ရေသတ္တဝါဖြစ်တာမို့မည်သည့်ပုံစံဖြင့်ဖွားမြင်မလဲမသိပေမဲ့ လီဟွမ်းကတော့ ဒုက္ခတွေပေးမိပြီဆိုတဲ့အတွေးနဲ့သူ့ဘာသာသူသတ်နေသည်
"တပ်မှူး New Holland ဘုရင်ကိုရအောင်ခေါ်လာခဲ့နန်းမြို့ထဲမှာပဲရှိသေးတယ်"
"ဟုတ်ကဲ့ပါ"
တပ်မှူးထွက်သွားပြီးနောက်တံခါးကိုစေ့ပေးခဲ့သည်
..............................
လီဟွမ်းကိုယ်လက်သန့်စင်ပြီးအခန်းထဲပြန်ဝင်လာခဲ့သည်
"ယုံးဘို့ညစာထစားဦး ကိုယ်တော်ခွံကျွေးမယ် ထ"
ယုံးဘို့ရှိနေတဲ့ဘက်ကိုလှည့်အကြည့်မှာသွေးတွေပေနေတဲ့အိပ်ရာခင်းနဲ့အောက်မှာလဲကျနေတဲ့အစောင့်နှစ်ယောက် ယုံးဘို့ရော
ယုံးဘို့ကိုလိုက်ရှာတော့မတွေ့တော့ဘူး ကုတင်အောက်တွေ တည်းခိုဆောင်ကိုတစ်ခန်းဝင်တစ်ခန်းထွက်လိုက်စစ်ကြည့်သည်