7

973 99 2
                                        

"အရှင် ဒါက"

"နန်းပြင်မှာအရှင်လို့မခေါ်နဲ့"

အနောက်ဘက်ပင်လယ်ပို့မယ်ပြောပြီးနန်းဝတ်နန်းစားတွေကနေ အရပ်သားဝတ်စုံဝတ်လာတာမို့ ပုံစံလေးတွေကအိမ်တော်တစ်ခုကအထက်တန်းစားသခင်လေးနှစ်ယောက်ပုံစံလေးတွေဖြစ်နေသည်

ယုံးဘို့ကအဝါရောင်ပိုးသားအင်္ကျီလေးကိုနဖူးစီးအဖြူရောင်လေးကိုဆံပင်ဝါဝါလေးတွေအထိသတိမထားမိစေရန် ပိတ်စအဖြူရောင်လေးကိုခေါင်းမှာအုပ်ခိုင်းထားကာ
လုံးလုံးလေးနဲ့ချစ်စရာလေးဖြစ်နေတော့သည်

လီဟွမ်းကတော့အပြာရောင်ဝတ်ရုံကိုမှအပေါ်ကနေဦးထုပ်ကိုမေးမှာသိုင်းပြီးချည်ထားတာမို့ ခန့်ခန့်ညားညားသခင်လေးသဖွယ်

သူတို့နောက်မှာတော့ တပ်မှူးနဲ့သက်တော်စောင့်နှစ်ယောက်လောက်ကအရပ်သားဝတ်စုံနဲ့ခပ်ခွာခွာကလိုက်လာ၏

"လွန်ခဲ့တဲ့ညတစ်ညခေါ်သလို ဟွမ်းလို့ပဲခေါ်"

ပြောချလိုက်သောစကားသည် လွန်ခဲ့တဲ့အချစ်ညကိုရည်ညွှန်းသောအခါယုံးဘို့မျက်နှာကရဲကနဲ အဲ့နေ့တုန်းကသေရည်မူးသာမူးတာအကုန်မှတ်မိနေခဲ့သည်

"လက်ပေး"

ဘေးနားကကုန်သည်တစ်ဦးထံကကျောက်သားတစ်မျိုးကိုလှိုင်း‌လေးတွေထနေအောင်ထုလုပ်ထားတဲ့လက်စွပ်တစ်ကွင်းယုံးဘို့လက်မှာစွတ်ပေးလာသည်

အနက်ရောင်နဲ့အဖြူရောင်တစ်ကွင်းစီလိုဖြစ်နေပေမဲ့လက်စွပ်ကတစ်သားထဲလေး

"‌ဒါကကိုယ့်အတွက်"

နောက်တစ်ကွင်းယူပြီးလီဟွမ်းလက်မှာစွတ်လိုက်တာကွက်တိပဲ

"ဒီကသခင်လေးကညီလေးကိုအတော်ချစ်ပုံပဲ"

ကုန်သည်သည်ရီရီပြုံးပြုံးဖြင့်သာလီဟွမ်းကိုကြည့်ပြီးပြောလာသည်

ဈေးလမ်းထဲကလူတွေကတိုးကြိတ်နေလျက်တိုက်မိမလိုတွေဖြစ်နေတာမို့ယုံးဘို့နောက်ဆုတ်ရင်းဆုတ်ရင်းလီဟွမ်းရင်ခွင်ထဲရောက်တော့မည်

"ကျွန်တော့်ခင်ပွန်းလေးဗျ"

"ခင်ဗျာ!"

အံ့ဩတစ်ကြီးကြည့်နေတဲ့ကုန်သည်ကိုဘာမှဖြေရှင်းချက်မပေးတော့ပဲ ငွေစအချို့ထုတ်ပေးကာ ထိုနေရာမှထွက်လာလိုက်သည်

The King (Season 1/Completed)Where stories live. Discover now