New Holland ပြည်ရဲ့ဒုတိယမြို့ရိုးခံတပ်ကြီးကျဆုံးသောနေ့တွင် အညံ့ခံအရှုံးပေးလာတဲ့စစ်သည်တွေကိုသုံ့ပန်းအဖြစ်ထားရှိပြီး ခိုလှုံလာတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုတော့ပြည်တော်ထဲမှာမထားတော်ပဲ တောင်ဂျိုဆွန်းအလံစိုက်ထူထားတဲ့နယ်နိမိတ်ထဲမှာရှိစေသည်
ဧက္ကရာဇ်လီဟွမ်းသည်ယခုတင်အပိုင်စားရထားသောနယ်မြေအသစ်ကခံတပ်ကြီးအပေါ်စီးမှနေ၍ကြည့်နေသည် နှစ်ဖက်စလုံးအကျအဆုံးများပေမဲ့ကောင်းကောင်းသဂြိုလ်ပေးဖို့စီစဉ်ခိုင်းထားသည်
ဒီခံတပ်ကြီးရဲ့အလယ်အမြင့်ဆုံးနေရာကိုကြည့်လျှင်နန်းတော်ကိုမြင်နေရပြီ
ချက်ချင်းကိုခရာတောင်မမှုတ်နိုင်ပဲဒုတိယခံတပ်ကိုဝင်သိမ်းတဲ့လီဟွမ်းနဲ့တပ်စုကြီးမှာ ကြင်ယာတော်အတွက်ဘယ်လောက်အထိသွေးဆာနေကြောင်းတွေ့ရ၏ရင်သွေးအဖြစ်မွေးဖွားမဲ့
ဥလုံးလေးကိုတော့နောက်တန်းမှာစစ်သူကြီးနဲ့တပ်စုတစ်ခုနဲ့အင်အားအပြည့်စောင့်ရှောက်ခိုင်းထား၏
ရှေ့တန်းကိုတော့လီဟွမ်းနဲ့တပ်မှူးသာတက်လာခဲ့သည်New Holland ဘုရင်အညံ့ခံရင်တောင်မှီမယ်မထင်
လီဟွမ်းကကြင်ယာတော်ရဲ့ရင်သွေးကိုတောင်စစ်သူကြီးနဲ့တပ်စုတစ်ခုလုံးနဲ့စောင့်ရှောက်ခိုင်းတာဖြစ်၏
ကြင်ယာတော်အတွက်ကတော့ကိုယ်တိုင်တိုက်ပွဲဝင်မဲ့လီဟွမ်းဟာဒီတိုက်ပွဲကြိအဆုံးထိတွေးထားပြီးသားဖြစ်မည်"ဆက်ချီတက်ရအောင် မနက်ဖြန်နေဝင်ရင်New Hollandပြည်ကတောင်ဂျိုဆွန်းပိုင်နက်ဖြစ်ရမယ်!!"
ညနေပိုင်းတွင်ခံတပ်တစ်ခုလုံးကိုအပိုင်စီးရပြီးသောအခါနေ့မအိပ်ညမနားစစ်ချီမဲ့လီဟွမ်းနဲ့တပ်စုကြီးကိုမည်သူမှတားနိုင်မှာမဟုတ်ပေဘူး
သွေးစွန်းနေတဲ့သံချပ်ကာဝတ်ရုံကြီးပြတ်ရှရာရှိနေတဲ့နှာခေါင်းနားကဒဏ်ရာနဲ့တောင်ဧက္ကရာဇ်လီဟွမ်းခန့်ညားလွန်း၏
..................................
မြို့တော်ထဲကိုေတာင်ဂျိုဆွန်းဧက္ကရာဇ်ရောက်လာပြီဆိုတာနဲ့အလိုလိုဆုတ်ဖယ်သွားကျတဲ့လှည်းတွေနဲ့ အနောက်တိုင်းသားတွေ
