"သမားတော်ကြီး မင်းကြီးသက်သာပါရဲ့လား"
"အနာရှိန်ကြောင့်အနားယူမှရဦးမယ်ထင်တယ်"
ခံတပ်ကိုကျော်လာပြီးနောက် သစ်ပင်တစ်ပင်အောက်မှာခေါင်းမှသွေးတွေစီးကျနေတဲ့ မင်းကြီးလီဟွမ်းကဓားကိုအားပြုထားတာသူ့ကိုယ်သူထိန်းနေရတဲ့အထိအခြေအနေဆိုးတာကြောင့် ဒီမှာတင်တပ်စွဲထားလိုက်သည်
ဒါတောင်မရဘူး အတင်းကုန်းထနေသဖြင့်ဆေးတပ်ကသမားတော်ကအိပ်ဆေးပေးထားရသည် မည်မျှပင်သန်မာတဲ့မီးနဂါးကြီးဖြစ်နေပါစေ သူ့ထပ်ကြီးတဲ့တောင်ပေါ်ကခံတပ်ကြီးကိုစစ်သည်တွေဝင်နိုင်ဖို့ခေါင်းနဲ့တိုက်ပြီးဖြိုချထားတာဖြစ်၏
ညအချိန်ရောက်လာတာမို့မီးတိုင်တွေထွန်းထားပြီးတဲအဖြူတွေထိုးထားတဲ့အထဲက မင်းကြီးရဲ့တဲမှာသမားတော်တွေအပြင်စစ်သူကြီးနဲ့တပ်မှူးပါရှိနေပြီးအနာရှ်ိန်နဲ့အိပ်ပျော်နေတဲ့မင်းကြီးကိုကြည့်နေကျသည်
"သမားေတာ်ကြီးလဲမင်းကြီးရောဒဏ်ရာရစစ်သည်တွေပါကြည့်နေရတာပင်ပန်းနေရောပေါ့ ပြန်လို့ရပါပြီ"
တပ်မှူးပြောလိုက်တော့မှအရိုအသေပြုကာထွက်သွားသည့်သမားတော်
"ယုံးဘို့ရေ...ယုံးဘို့ ကိုယ်တော့်ဆီလာပါဦး"
အိပ်ဆေးအရှိန်နဲ့အနာရှိန်ပေါင်းပြီးအိပ်ေပျာ်နေတာတောင်ကြင်ယာတော်မင်းသားနာမည်ပဲရေရွတ်နေတဲ့မင်းကြီးကိုကြည့်ရင်းစစ်သူကြီနဲ့တပ်မှူးတစ်ယောက်မျက်နှာတစ်ေယာက်ကြည့်ပြီးခေါင်းခါမိသည်
ဒီအတိုင်းပုံမှန်ဆက်သွားရင်နန်းတော်ရောက်ဖို့ ခံတပ်နှစ်ခုနဲ့ခြောက်ရက်နီးပါးကြာမည် အစဦးဆုံးခံတပ်ကအကြီးဆအနည်းဆုံးမို့တစ်လနည်းပါးကြာမည်ဟုတွက်ချက်ပြီးဗျူဟာဆွဲခဲ့ပေမဲ့ လီဟွမ်းကပထမခံတပ်ကြီးကိုဖျက်စီးခဲ့သည်
ကြင်ယာတော်နာမည်ပဲတနေလျက်ရှိတဲ့လီဟွမ်းက တကယ်ပဲသနားဖို့ကောင်းနေပြီ
.......................
"တောင်ပိုင်းကြင်ယာတော်မင်းသားကိုအရိုအသေပြုပါတယ်"