"အ့ အရှင် ဗိုက်နာတယ်"
"မင်းအများကြီးစားခဲ့လို့နေမယ်ရှေ့ဆိုရောက်တော့မှာသည်းခံလိုက်"
"မဟုတ်ဘူး အရှင် ဒီနားကတစ်ခုခုလှုပ်နေသလိုပဲ"
"ရေဘဝဲတွေစားခဲ့လို့လက်ချောင်းတွေလှုပ်နေတာနေမယ် နန်းတော်ပြန်ရောက်မှသမားတော်နဲ့ပြရမယ်"
ယုံးဘို့မျက်နှာဆူပုတ်သွားသည် နန်းတော်ကသူတွေကျတော့မင်းကြီးကကြောက်စရာကောင်းတယ်တဲ့ သူကိုကျစပဲစနေတာပဲ
ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့စကားပြောလာတဲ့တော်ဝင်ကြင်စဦးစုံတွဲ ခပ်လှမ်းလှမ်းကအ
စောင့်တွေမှာတော့ရုပ်တည်ကြီးတွေဖြင့် ခရီးဆက်လာခဲ့သည်"ဝါးး အိမ်ပြန်ရောက်ပြီ"
ရောက်ရောက်ခြင်းမြင်းပေါ်ကခုန်ပေါက်ပြေးဆင်းသွားပြီးသောင်ပြင်ပေါ်ကဖိနပ်အဝါလေးနဲ့လျှောက်ပြေးနေတဲ့အကောင်လေးကိုလိုက်ဖမ်းရင်တောင်မိမှာမဟုတ်ဘူး
အိမ်ပြန်ရောက်ပြီဆိုတဲ့စကားမှာမြင်းပေါ်ကမဆင်းရသေးတဲ့လီဟွမ်းရင်ထဲနင့်ကနဲ သူပဲအတင်းဆွဲထားမိပြီလား
တပ်မှူးနဲ့အစောင့်နှစ်ယောက်ကိုတော့သောင်ပြင်ဆီခေါ်မလာခဲ့ဘူး
ယုံးဘို့လေးကလမ်းမှာပြောလာသည် လွတ်လွတ်လပ်လပ်ရေကူးချင်ပါသည်တဲ့သူ့အမြှီးတွေကိုလဲမပြချင်ဘူးလို့ပြောတာကြောင့်နေခဲ့လို့ပြောထားခဲ့သည်ရုတ်တရပ်ဖိနပ်တွေပါဆွဲချွတ်ကာရေထဲဆင်းတဲ့ကောင်ကလေး ဖြာကနဲပြောင်လက်နေတဲ့အကြေးခွံအပြာနုရောင်တွေနဲ့ ဝတ်ရုံအဝါလေးအောက်ထွက်လာပြီးသူ့ဘက်ကိုအားရပါးရရီပြနေတာ ခေါင်းလေးကရေတွေစိုနေတာမို့အဝါရောင်ဆံပင်လေးတွေအချောင်းလိုက်
"အရှင် ကျွန်တော့်အမြှီးတွေမမြင်ဖူးဘူးမလား "
"အရှင်လို့မခေါ်ပါနဲ့တော့"
"အကျင့်မဖြစ်သေးလို့ပါ ဟွမ်းရယ်"
ပြုံးစိစိမျက်နှာပေးနဲ့သောင်ပြင်ပေါ်မြင်းဖြူကြီးဆွဲလို့လျှောက်လာတဲ့အခါအပြာရောင်ဝတ်ရုံကတစ်လွင့်လွင့်နဲ့ခန့်ညားချင်းများလေအေးနဲ့အတူလွင့်မျောနေ၏